တိုကျို ၊ အောက်တိုဘာ (၇)

ပုန်ကန်မှုနဲ့ ဆက်သွယ်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ အလိုကျ တရားရုံးက ဂျပန်မှတ် တမ်းရုပ်ရှင် ရိုက်ကူးသူကို ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့တယ်လို့ ဂျပန်ကျိုတို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့  စစ်တပ် ဆန့်ကျင်သူတွေကို  အားပေးအားမြှောက်ပြုတယ်ဆိုပြီး  အသက် ၂၆ နှစ်အရွယ်ရှိတဲ့ တိုရို ကူဘိုတာကို ရန်ကုန်မြို့မှာ  ဂျူလိုင်လအတွင်း ဖမ်းဆီးခဲ့တာပါ။

အောက်တိုဘာ ၅ရက်နေ့က ချမှတ်ခဲ့တဲ့  စီရင်ချက်မှာ ကူဘိုတာကို ပုန်ကန်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခဲ့တယ်လို့  ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ သတင်းရင်း မြစ်က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ  ရွေး‌ကောက်ပွဲအောင်နိုင်ခဲ့တဲ့ အစိုးရကို အာဏာသိမ်းပြီး စစ်တပ် တက်ရောက်လာချိန်ကတည်းက စတင်ပြီး မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုတွေအတွင်း ပိတ်မိနေခဲ့တာပါ။ နိုင်ငံရေးသမားတွေ၊ ဗျူရိုကရက်အစိုးရဝန်ထမ်းတွေ၊ ကျောင်းသား တွေ၊ သတင်းသမားတွေအပါအဝင် တော်လှန်အင်အားစုတွေကို ထောက်ခံတဲ့ နိုင်ငံခြားသားတွေ အပါအဝင် ထောင်နဲ့ချီတဲ့ အရေ အတွက် အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

တရားရုံးတွေကို အမှီအခိုကင်းစေပြီး ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ဖို့နဲ့ ကူဘိုတာကို ပြန်လွှတ်ပေးရေးအတွက် စစ်ကောင်စီ ကို ဂျပန်အစိုးရက တောင်းဆိုထားတာပါ။  

အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့  ယမန်နှစ်မှာလည်း သတင်းအမှားဖြန့်ဝေတယ်လို့ ဆိုကာ ဂျပန်သတင်း‌ ထောက်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီးပြန်လွှတ်ပေးတာလို့ပြောကြားခဲ့ပြီး အဲဒီသတင်းထောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.