Radio Than Lwin Times(6/10)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ကွာလာလမ်ပူ၊ အောက်တိုဘာ (၆) မလေးရှားနိုင်ငံကို လေကြောင်းနဲ့ သွားရောက်လည်ပတ်သူ ဒါမှမဟုတ် နိုင်ငံက ထွက်ခွာမယ့်သူအားလုံးဟာ ငွေသား၊ ချက်လက် မှတ်ပိုင်ဆိုင်မှုတွေမှာ အမေရိကန်ဒေါ်လာတစ်သောင်းကျော်ပါက အကောက်ခွန်ကြေငြာစာရွက် ဖြည့်သွင်းရမယ်လို့ မလေးရှားမြို့ ပြလေကြောင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority of Malaysia_CAAM) မှ ပြောပါတယ်။ အဲဒီလိုဆောင်ရွက်ရတာဟာ မလေးရှားတော်ဝင် အကောက်ခွန်ဌာနက သတ်မှတ်ပေးထားတဲ့ လိုအပ်ချက်အတိုင်း ဆောင်ရွက်ရတာ…
မနီလာ – အောက်တိုဘာ(၇) နိုဝင်ဘာလမျာကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းအတွက် ချဉ်းကပ်မှုအသစ်တွေကို အဆိုပြုမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် က အောက်တိုဘာလ (၅) ရက်နေ့က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့နှစ် ဧပြီလက အာဆီယံနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ကို အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့ စစ်ကောင်စီကို…
တိုကျို ၊ အောက်တိုဘာ (၇) ပုန်ကန်မှုနဲ့ ဆက်သွယ်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီ အလိုကျ တရားရုံးက ဂျပန်မှတ် တမ်းရုပ်ရှင် ရိုက်ကူးသူကို ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့တယ်လို့ ဂျပန်ကျိုတို သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စစ်တပ် ဆန့်ကျင်သူတွေကို အားပေးအားမြှောက်ပြုတယ်ဆိုပြီး အသက် ၂၆ နှစ်အရွယ်ရှိတဲ့ တိုရို ကူဘိုတာကို ရန်ကုန်မြို့မှာ…
မော်လမြိုင်၊ အောက်တိုဘာ (၇) လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူရဲ့ နေက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အတည်ပြုပြောဆိုလိုက်တာပါ။ အသက် ၃၅ နှစ်အရွယ် PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေထိ ၄ ကြိမ်ဆက်တိုက် ပါဝင်ကစားပေးထားတာပါ။…
ရန်ကုန်၊ အောက်တိုဘာ (၇) ရဲချုပ်(ဟောင်း) သန်းလှိုင်အပါအဝင်၊ ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနဲ့အတူ Dynasty International Company Limited တို့ကို ရုရှားထုတ်စစ်လက်နက်တွေ ဘီလာရုစ်မှတစ်ဆင့် ဝယ်ယူပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့အတွက် သမ္မတရဲ့ အမိန့်အမှတ် ၁၄၀၁၄…
မော်လမြိုင်၊ အောက်တိုဘာ (၇) AAPP ၏ အောက်တိုဘာလ (၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၆၁၃)ရက်အတွင်း ပြည်သူ (၂၃၃၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၇၇၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၇၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး…
အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွေးကြေးမုံကျေးရွာကို အကြမ်းဖက် PDF အင်အား ၆၀က ဒေသခံပြည်သူများ နေထိုင်သော နေအိမ်များအား…
ညောင်လေးပင်၊ အောက်တိုဘာ (၇) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တင်းရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ပါတယ်။ ညောင်လေးပင်ခရိုင်မှာ ပြီးခဲ့တဲ့တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့…
မော်လမြိုင်၊ အောက်တိုဘာ (၇) အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ကျဆင်းနေတဲ့ မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့နေပြီးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ လုံးဝ ကွာခြားနေပြီး အခြေမြစ် မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့ရှိ…