လေယာဉ်ဖျက် နျူကလီးယား ဒုံးကျည်တွေကို ထုတ်ဖော်ပြသပြီး တရုတ်က အမေရိကန်ကို သတိပေး
ဘေဂျင်း၊ အောက်တိုဘာ (၆)
တရုတ်အစိုးရက အမေရိကန်ကို သတိပေးတဲ့ အနေနနဲ့ တရုတ်နိုင်ငံရဲ့ နျူစွမ်းရည်အမြင့်ဆုံး လက်နက်တွေလို့ ယူဆရတဲ့ နျူကလီးယား ဒုံးကျည်လေယာဉ်တင်သင်္ဘောတွေနဲ့ ဒုံးကျည်တွေကို အမျိုးသားနေ့ အထိမ်းအမှတ်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
စွမ်းရည်မြင့် Dongfeng ဒုံးကျည်နှစ်စင်းဟာ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အဖွဲ့တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ယူဆရပြီး စူပါပါဝါနှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးလာနေတာပါ။
DF-21D နဲ့ DF 26B လို့ သိကြတဲ့ သင်္ဘောဖျက်ဒုံးနှစ်စင်းဟာ အမေရိကန်လေယာဉ်တင် သင်္ဘောတွေအတွက် သိသာတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး မျိုးဆက်သစ် DF-41 တိုက်ချင်းပစ်ဒုံးကျည်တွေကတော့ အကွာအဝေး (၁၂၀၀၀) ကီလိုမီတာကျော် အထိ နျူကလီးယား ထိပ်ဖူးများစွာကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။
အဲဒီ ဒုံးကျည်တွေဟာ အမေရိကန်ပြည်မကြီးမှာရှိတဲ့ ဘယ်လို ပစ်မှတ်ကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ ကာကွယ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ ရက်သတ္တပတ်က ထုတ်လွှင့်ခဲ့ တဲ့ CCTV သတင်းဌာနရဲ့ မှတ်တမ်းရုပ်ရှင်စီးရီးမှာတော့ အနည်းဆုံး သင်္ဘောဖျက်ဒုံးကျည် တစ်ဒါဇင်ခန့် ပြသထားပြီး အဲဒီ ပမာဏဟာ ဒုံးကျည်တပ်မဟာတစ်ခုလုံးနဲ့ ညီမျှနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
တရုတ်နိုင်ငံပိုင် သတင်းဌာန South China Morning Post မှာတော့ ဖော်ပြထားတဲ့အတိုင်း အဲဒီလို ထုတ်ပြခြင်းဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နည်းပြဟောင်း ဆောင်းဇွန်မ်ပင်း က ထောက်ခံပြောဆိုပါတယ်။
ပြင်းထန်တဲ့ ယူကရိန်းစစ်ပွဲဟာ တရုတ်နိုင်ငံအတွက် အကျပ်ရိုက်စေတဲ့အတွက် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အခြားနိုင်ငံ တွေကို ဖိအားပေးဖို့ Dongfeng စီးရီး ဗျူဟာမြောက်လက်နက်များပြသခြင်းဖြစ်ပြီး အမေရိကန်အတွက် သိမ်မွေ့သောသတိပေးချက်ဖြစ်တယ် လို့ သူကဆက်ပြောပါတယ်။
PLA ဒုံးကျည်တပ်ဖွဲ့ရဲ့ ဗျူဟာမြောက်လက်နက်တွေကို အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတွေမှာ ပြသဖို့ ရည်မှန်းထား ပေမယ့်လည်း တရုတ်နိုင်ငံဟာ ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ် ဒါမှမဟုတ် ငါးနှစ်အတွင်း တစ်ကြိမ်သာ အဲဒီပွဲတွေကို ကျင်းပလေ့ရှိတာပါ။
အမေရိကန် စစ်သင်္ဘောတွေနဲ့ ထိတွေ့ရာမှာ DF-21D နဲ့ DF-26 နှစ်ခုရှိ သာမန်ထိပ်ဖူးတွေဟာ သူတို့ရဲ့ တိကျတဲ့ တိုက်ခိုက်မှု စွမ်းရည်ကြောင့် ဟန့်တားနိုင်လောက်အောင် အစွမ်းထက်တယ်လို့ သိရပါတယ်။
PLA ဒုံးကျည်တပ်ဖွဲ့ဟာ (၂၀၂၀) ခုနှစ် သြဂုတ်လမှာ တောင်တရုတ်ပင်လယ်ရှိ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးဒုံး ကျည်နှစ်စင်း ကို ပစ်လွှတ်ခဲ့ပြီး သတ်မှတ်ထားတဲ့ ရွေ့လျားသင်္ဘောတစ်စီးကို ထိမှန်ခဲ့ပါတယ်။
နိုင်ငံရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာ တရုတ်ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ခွင့်ပြုချက်မရှိဘဲ U-2 သူလျှိုလေယာဉ်တစ်စင်း ဝင်ရောက်ခဲ့တယ်လို့ ပေကျင်းက စွပ်စွဲပြီးနောက် တစ်ရက်အကြာမှာပဲ အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လအထိ မြန်မြန်ဆန်ဆန်ပဲ ထိုင်ဝမ်တစ်ဝိုက်မှာ မကြုံစဖူး လက်တွေ့ပစ်လွှတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ တင်းမာမှုတွေ တိုးလာတယ်လို့ ရှုမြင်ရပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီရဲ့ တိုင်ပေခရီးစဉ် ထွက်ပေါ် လာပြီးတဲ့နောက် ဒီလို အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်လာခဲ့တာပါ။
Ref: Thaigers