ဆိုးလ်၊ အောက်တိုဘာ (၆) 

မြောက်ကိုရီးယားက ဂျပန်ကိုဦးတည်ပြီး ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေ ရိကန်စစ်တပ်တို့ ပူးပေါင်းပြီး ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုဟာ “အန္တရာယ်ရှိပြီး မဆင်မခြင်ပြုမှုခြင်း”ဖြစ်တယ်လို့  ဟု ဝါရှင် တန်က ရှုတ်ချခဲ့တာပါ။

နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့  မြောက်ကိုရီးယားဟာ ယခင်ကထက်ပိုမိုမြန်ဆန်တဲ့ အလတ်တန်းစား ပဲ့ထိန်းဒုံး ကျည်တွေကို ပစ်လွှတ် စမ်းသပ်ခဲ့ပြီး ၅ နှစ်အတောအတွင်းမှာပဲ ဒီလို ဂျပန်နိုင်ငံကို  ဦးတည်လာခဲ့တာဖြစ်ပါတယ်။ မြောက်ကို ရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒုံးလာရာ လမ်းကြောင်းအတွင်း နေထိုင်နေကြတဲ့ ပြည်သူတွေကို ဂရုတစိုက်နေကြဖို့ ဂျပန် အစိုးရက သတိပေးစာတွေ ထုတ်ခဲ့ရတာပါ။

ဒါကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန် တပ်တွေဟာ ပြန်လည်တုန့်ပြန်တဲ့ အနေနဲ့ ပင်လယ်ဘက်ကို ဒုံးကျည်တွေ ပြန်လည် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အောက်တိုဘာ ၅ရက်နေ့ အစောပိုင်းမှာ ဖိုက်တာဂျက်တွေနဲ့ ဗုံးကြဲတဲ့ လေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုက South Korea Hyunmoo 2 ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ပြီး ခဏအတွင်းမှာ ပင် ပေါက်ကွဲခဲ့ပြီး ဘယ်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။

အမေရိကန် စစ်တပ်နှင့် မဟာမိတ်တွေက စစ်အင်အားပြသမှု အရှိန်မြှင့်ခဲ့ပြီး အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားရဲ့  နောက်ဆုံး စမ်းသပ်မှုအား အန္တရာယ်နှင့် မဆင်မခြင် ပြုတဲ့ လုပ်ရပ်လို့လည်း ရှုတ်ချခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့က မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုကို အပြင်းထန်ဆုံး ရှုတ်ချခဲ့ပြီး ဥရောပသမဂ္ဂကလည်း ဒီလုပ်ရပ်ကို အပြစ်တင်ခဲ့ကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း လုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်တွေကို ချိုးဖေါက်ခဲ့တယ်လို့ ပြောကြားခဲ့ကာ မြောက်ကို ရီးယားကို အပြစ်တင်ခဲ့ပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ကတွေ့ဆုံဖို့ အမေရိကန်နိုင်ငံဘက်မှ တောင်းဆိုခဲ့ပေမယ့်လည်း တရုတ်နဲ့ ရုရှားက အဖွဲ့ဝင် ၁၅ နိုင်ငံက လူထုဆွေးနွေးမှုကို ဆန့်ကျင်ခြင်းသာဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။

လေ့လာသုံးသပ်သူတွေနဲ့ လုံခြုံရေးအရာရှိတွေကတော့ အဲဒီ ဒုံးကျည်ဟာ၂၀၁၇ ခုနှစ်အတွင်းက  မြောက်ကိုရီးယား က ထုတ်ဖော်ပြသခဲ့တဲ့ Hwasong-12 IRBM အမျိုးအစားဖြစ်နိုင်ပြီး ဂူအမ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်မယ့် အစီအစဉ်ရဲ့  တစ်စိတ်တစ်ပိုင်းအဖြစ် ပြောကြားထားပါတယ်။

ဒီလိုဒုံးကျည်တွေပစ်လွှတ်မှုကြောင့်  မကြာသေးမီကာလအတွင်း မြောက်ကိုရီးယားဘက်က နျူကလီယားစမ်းသပ်မှု ပြုလုပ်နိုင်တယ်ဆိုတဲ့   စိုးရိမ်မှုတွေလည်း မြင့်တက်လာနေတာပါ။

တောင်ကိုရီယားသမ္မတကတော့ အဲဒီစမ်းသပ်မှုဟာ မဆင်မခြင် လုပ်ရပ်တစ်ခုဖြစ်ပြီး မဟာမိတ်တွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြောက်ကိုရီးယားကို ပြတ်ပြတ်သားသားတုန့်ပြန်မှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.