ဒါကာ – အောက်တိုဘာ(၆) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက လျှပ်စစ်ဓာတ်အား ပြန်လည်ရရှအောင်ဖြည်းဖြည်းချင်းလုပ်ဆောင်နေတယ် လို့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ(၄) ရက်နေ့ နေ့လည်ပိုင်းက မဟာဓာတ်အားလိုင်းချို့ယွင်းသွားခဲ့တဲ့ အတွက် နိုင်ငံတဝှမ်းမှာ (၇၅) ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်းအထိ မီးပြတ်သွားတာဖြစ်တယ် လို့ ဘင်္ဂလားဒေ့ရှ် လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တာဝန်ရှိသူ ရှားမီးလ်ဟာဆန် ကရိုက်တာကို ပြောခဲ့တာပါ။ 

လျှပ်စစ်ဓာတ်အားပြတ်တောက်ရတဲ့ အခြေအနေကို အတည်ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ် ဆောင်နေပြီး မီးပျက်နေတဲ့ နေရာတွေထဲက (၄၅) ရာခိုင်နှုန်းဟာ လျှပ်စစ်မီးပြန်လည်ရရှိနေပြီ လို့တာဝန်ရှိသူတွေက ဆိုထားပေမယ့် ဘယ်အချိန်မှာ အပြည့်အဝပြန်လည်ရရှိမှာလဲဆိုတာကို တော့ တိတိကျကျမသိရသေးပါဘူး၊ 

သဘာဝဓာတ်ငွေက လျှပ်စစ်ဓာတ်အား လေးပုံသုံးပုံကို အသုံးပြုနေပေမယ့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဓာတ်အား လိုအပ်ချက်မြင့်မာလာတာကို မဖြေရှင်းနိုင်တဲ့အတွက် ဒီနှစ်ထဲမှာ မကြာခဏ ဓာတ်အား ပြတ်တောက်မှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ကမ္ဘာ့စျေးနှုန်းတွေမြင့်တက်နေချိန်မှာ ပြီးခဲ့တဲ့ နှစ်က စံချိန်တင်ဘဏ္ဍာရေးလိုငွေပြခဲ့တဲ့အတွက် အစိုးရက ချွေတာသုံးစွဲမယ်လို့ ကတိပြုထားရ ပါတယ်။ 

နိုင်ငံရဲ့ ဓာတ်ငွေ့သုံးစွမ်းအင်ယူနစ်ရဲ့ သုံးပုံတစ်ပုံကျော်ဟာ လောင်စာဆီ ပြတ်တောက်သွား တယ်လို့ အစိုးရထုတ်ပြန်ထားတဲ့အချက်အလက်တွေမှာဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ် ရဲ့အမြင့် ဆုံးဓာတ်အားလိုအပ်ချက်ဟာ (၁၃၈၀၀) မဂ္ဂါဝပ်ထက်(၃) ရာခိုင်နှုန်းပိုများတယ်လို့ လျှပ်စစ် ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့က ခန့်မှန်းထားပါတယ်။ 

Walmart၊ Gap Inc၊ H&M၊ VF Corp၊ Zara နဲ့  American Eagle Outfitters တို့လို ဖောက်သည် တွေဆီပေးပို့နေတဲ့ အကျိုးအမြတ်များတဲ့ ပို့ကုန်အသားပေးအထည်ချုပ်လုပ်ငန်းတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်သွားတဲ့အတွက်အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

“ဓာတ်အားအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က မီးစက်တွေသုံးနေ ကြပြီ။ ဒီကနေ့အတွက် ပြတ်တောက်မှုဟာ ခန့်မှန်းလို့မရပါဘူး။ မီးစက်တွေက ကြာရှည်မ လည် ပတ်နိုင်တာကြောင့် ရုံးတွေကို ပိတ်ခဲ့ရပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်အထည်ချုပ် လုပ်ငန်းရှင်များ နဲ့ ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ရှာဟီဒူလာအာဇင်က ရိုက်တာကိုပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအကြီးဆုံး အထည်ချုပ်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး လျှပ်စစ်မီးမရရင် စက်ရုံတွေလည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါသေး တယ်။ 

စွမ်းအင်သုံးစွဲမှုကြီးမားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာ ဓာတ်အားပြန်လည်ဖြန့်ဝေဖို့ အန္တရာယ်ရှိ နေတယ်လို့ ဒုဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

“ဖြန့်ဝေမှုစနစ်တည်ငြိမ်မှုဟာ စိတ်ကျေနပ်စရာရှိလာတဲ့အခါ ဒါကာဒေသအားလုံးရဲ့ ဓာတ်အားလိုင်းတွေကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပြီး အဆင်မပြေမှုအတွက် ကျွန်ုပ်တို့ ရိုးသားစွာတောင်းပန်ပါတယ်” လို့  ဒုဝန်ကြီး ပါလက်ခ်က ပြောဆိုခဲ့တာပါ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုဘိုင်းတယ်လီကွန်းအော်ပရေတာများအသင်းက မိုဘိုင်းလ်နဲ့ အင်တာနက် ဝန်ဆောင်မှုတွေဟာ နိုင်ငံတွင်းမဟာဓာတ်အားလိုင်းပြတ်တောက်မှုကြောင့် နေရာတချို့မှာ ပြတ် တောက်သွားဖွယ်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Ref: asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.