မော်လမြိုင်၊ အောက်တိုဘာ (၆)

ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ စပိန်လက်ရွေးစင်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။

လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုအသင်းကို ၂ ဂိုး ဂိုး မရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အသင်းနည်းပြဖြစ်သူ ဆီယိုအန်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တာပါ။

လေဗာကူဆင်အသင်းဟာ ဇာဘီအလွန်ဆိုကို ၂၀၂၄ ခုနှစ်ထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဇာဘီအလွန်ဆိုဟာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီးနောက် ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနဲ့ ရီးရဲလ်ဆိုစီဒဏ် B အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။

အသက် ၄၀ နှစ်အရွယ် ဇာဘီအလွန်ဆိုဟာ ကစားသမားဘဝမှာတော့ ရီးရဲလ်မက်ဒရစ်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်ဆိုဒီစက်နဲ့ အယ်ဘာအသင်းတို့ ကစားခဲ့သလို စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၃ ပွဲထိ ကစားပေးခဲ့ပါတယ်။

နည်းပြ ဇာဘီအလွန်ဆိုရဲ့ လီဗာကူဆင်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ ပွဲစဉ် ၈ ပွဲကစားအပြီးမှာတော့ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၅ မှတ်နဲ့ တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.