ရန်ကုန် – အောက်တိုဘာ(၄)
နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လတိုင်း ထောင်ပြောင်း တာတွေလုပ်ခံနေရတယ်လို့ အင်စိန်အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။
ဒီလိုထောင်ပြောင်းရွှေ့ခံရတာကို မိသားစုဝင်တွေအပြင် အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ တွေကိုလဲ အသိပေးအကြောင်းကြားတာမရှိဘူးလို့ သိရပါတယ်။
“ရှင်းရှင်းပြောရရင်စောက်ကျင့်ယုတ်နေတာ ဒုက္ခရောက်အောင်၊ ထောင်အပြောင်းစာရင်းတွေကို အကျဉ်းဦးစီးကိုပေးမကိုင်တော့ဘူး။စစ်ခွေးတွေကိုင်နေတာ သူတို့စာရင်းက ညဘက်မှရတာ အဲ့ဒီမှာ ပါတဲ့လူတွေကို အဆောင်ကနေ တခြားအခန်းမှာ စုထားတယ်နောက်ရက်ညဘက်မှာ ပြောင်းတာ” လို့ အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် တခြားဒေသမှာရှိတဲ့ ထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေဟာလည်း အင်စိန်အကျဉ်း ထောင်ကို ပို့ဆောင်ခံနေရပြီး ထောင်အလဲအလှယ်လုပ်နေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ပြောင်းစာရင်းကို စစ်ကောင်စီကအကျဉ်းထောင်ထဲမှာလာ ရောက်ကွပ်ကဲနေတဲ့ စစ်ကောင်စီအရာရှိဆီကို ပုံမှန်သောကြောနေ့မှာရောက်ရှိလာပြီး စနေနေ့ည ဘက်မှာ ပြောင်းရတာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ရဲ့ရည်ရွယ်ချက်က ထောင်ပြောင်းလိုက်ပြီဆိုရင် မိသားစုတွေလွယ်လွယ်ကူကူမဆက်သွယ်နိုင် အောင်ရယ်ထောင်ဝင်စာပို့လို့မရတော့အောင်နဲ့ ကျန်းမာရေးအခြေအနေတွေ မသိရတော့အောင်လို့ သူတို့က အဓိကရည်ရွယ်တာပါ” လို့ Generation Wave အဖွဲ့အတွင်းရေးမှူး မအိအိမိုးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထောင်ပြောင်းတဲ့ရည်ရွယ်ချက်ဟာ ထောင်ထဲမှာရှိတဲ့သူကိုဒုက္ခရောက် ဖို့နဲ့ အပြင်မှာရှိနေတဲ့ မိသားစုတွေကို ပိုပြီးခက်ခဲကြပ်တည်းလာအောင်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၄) ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အလွတ်တန်း သတင်းထောက်မေဘယ်လ်(ခ) မငြိမ်းငြိမ်းအေးကို အင်စိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့ပေမယ့် မိသားစုဝင်တွေကြိုတင်သိရှိခဲ့တာမျိုးလည်းမရှိပါဘူး။
“နိုင်ငံရေးအကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချထားပြီးတော့ သူတို့လက်ခုပ်ထဲကရေ လုပ်ထားတာတောင်မှ ထောင်ပြောင်းတာတွေလုပ်နေတာက သူတို့အစိုးရိမ်လွန်နေလို့ဖြစ်သလို တစ်နေရာကနေ တစ်နေရာကို ပြောင်းလိုက်တာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် လုပ်ဆောင်တာဖြစ်ပေမယ့် နိုင်ကျဉ်းတွေက ပိုမာကြောသွားမှာပဲဖြစ်တယ်” လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာမသိမ်းခင်က နယ်ထောင်ပြောင်းရသူတွေဟာ ထောင်ထဲမှာ အပြစ်လုပ်တာ၊ရန်ဖြစ်တာနဲ့ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်တာတွေလုပ်မှသာ ထောင်ပြောင်းရတာ ဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် အင်းစိန်အကျဉ်းထောင်မှာ အပြစ်ပေးခံရတဲ့ အကျဉ်းသားတွေဟာ ကျတဲ့ နှစ် အပေါ်မူတည်ပြီး ရန်ကုန်တိုင်းထဲက ရဲဘက်စခန်းတွေကိုပို့တာတွေပဲ ရှိခဲ့တာပါ။
စစ်ကောင်စီဟာ သူတို့ အာဏာထိန်းချုပ်လို့ ရမယ်ထင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ ထောင် အပြောင်းအရွှေ့လုပ်ဆောင်တာ မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး တစ်လကို နိုင်ငံရေးအကျဉ်း သား (၁၀၀) ကျော်ကနေ (၂၀၀) လောက်အထိ လတိုင်းပြောင်းရွေ့နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၅၇၄၄) ဦးရှိလာ ပြီဖြစ်ပြီး အဲ့ဒီထဲက ပြန်လည်လွတ်မြောက်လာသူ (၃၁၅၃) ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း AAPP က ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်