အာဏာသိမ်းခေါင်းဆောင်က အသက်အန္တရာယ်အာမခံပြီးနောက် ဘာကီနာဖာဆိုသမ္မတရာထူး က နုတ်ထွက်
ဝါဂါဒူဂူ – အောက်တိုဘာ(၄)
ဘာကီနာဖာဆိုစစ်ခေါင်း ကပ္ပတိန်အီဘရာဟင် ထရာအိုရီရဲ့ အာဏာသိမ်းမှုအပြီးနောက်ထပ် အကြမ်းဖက်မှုတွေကိုရှောင်ရှားဖို့အတွက် သမ္မတဒါမီဘာ ဟာ ကမ်းလှမ်းထားတဲ့ အခြေအနေ အတိုင်း ရာထူးက နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်တဲ့ သဘောတူညီချက်အရ စစ်ခေါင်းဆောင် ထရာအိုရီ ဟာ သမ္မတ ဒါမီဘာရဲ့ လုံခြုံရေးနဲ့ သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့ စစ်သားတွေလုံခြုံ ရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းအရ ပြန်လည်ပေးအပ်ဖို့အပြင် ၂၀၂၄ ခုနှစ်မှာ အနောက် အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ကို ကတိပြုထားတဲ့အတိုင်း အချက်(၇) ချက်ကို သဘောတူညီ ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတကို ဆက်သွယ်လို့ မရခဲ့ဘဲ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ ကနိုင်ငံထဲက ထွက်ခွာသွားပြီဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ရိုက်တာကို ပြောခဲ့ပါတယ်။
ပြင်သစ်သံရုံးကို အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ အစိုးရဖြုတ်ချဖို့ သူတို့အဖွဲ့ခွဲတွေလှုပ်ရှားနေတဲ့ အတွက် အချိန်အတော်ကြာ ပဋိပက္ခတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘာကီနာဖာဆို နိုင်ငံဟာ ကိုလိုနီပြုခဲ့ဖူးတဲ့ ပြင်သစ်ရဲ့ ဩဇာလွှမ်းမိုးမှု လျော့နည်းလာတဲ့ အတွက် ရုရှားရဲ့ ထောက်ခံမှုကို ရယူဖို့ စစ်သားတွေဟာ စစ်တပ်အတွင်းက ခွဲထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံတစ်ခုမှာ စစ်သားတွေဟာ သံချပ်ကာ ယာဉ်တွေပေါ်ကနေ ရုရှားအလံတွေ ဝှေ့ယမ်းပြီး “ရုရှား၊ရုရှား” ဆိုတဲ့ ကြွေးကြော် သံတွေသီဆိုနေတာတွေရှိနေပါတယ်။
အနောက်အာဖရိကနိုင်ငံမှာရှိတဲ့ ပြင်သစ်စစ်အခြေစိုက်စခန်းတစ်ခုမှာ သမ္မတ ကခိုလှုံနေပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်နေတယ်လို့ အရာရှိတစ်ဦးက ပြောဆိုခဲ့ပြီးနောက် ဆန္ဒပြသူတွေ ပစ်မှတ်ထားနေတဲ့ ပြင်သစ်သံရုံးကို တိုက်ခိုက်တာတွေ မပြုလုပ်ဖို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အဖွဲ့က လူတွေကို တိုက်တွန်းထားပါတယ်။
ရာထူးက ဖြုတ်ချခံရပြီးနောက် အခြေစိုက်စခန်းမှာ သမ္မတဟောင်းကို လက်ခံထားတာမရှိဘူး လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားပြီး သမ္မတကလည်း ငြင်းဆိုထားတဲ့ အတွက် ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တမင်ခြယ်လှယ်တာဖြစ်တယ်လို့ ပြောဆိုတာ တွေရှိနေပါတယ်။
“အခြေအနေတွေကို ထိန်းထားပြီး အမိန့်တွေကို ပြန်အသက်ဝင်အောင်လုပ်ဆောင်နေကြောင်း ပြည်သူတွေကို အသိပေးချင်ပါတယ်” လို့ တပ်မတော်အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို နိုင်ငံပိုင် ရုပ်သံလိုင်းမှာ ထုတ်လွှင့်ထားပါတယ်။
အသွင်ကူးပြောင်းရေးကာလ အရပ်သားဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ သမ္မတအဖြစ် သတ်မှတ် ချိန်အထိ စစ်ခေါင်းဆောင် ထရာအိုရီဟာ သမ္မတအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သီးခြား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြို့တော် ဝါဂါဒူဂူမှာ အောက်တိုဘာလ(၁) ရက်နေ့က ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် (၂) ရက်နေ့မှာ တော့ ပစ်ခတ်သံတွေ ငြိမ်သက်သွားတယ်လို့ သိရပါတယ်။
“သင်တို့ရဲ့လှုပ်ရှားမှုတွေကို ဆက်လုပ်ဖို့ ဖိတ်ခေါ်ပါတယ်၊ အကြမ်းဖက်မှုတွေနဲ့ ဖျက်ဆီးမှုတွေ အားလုံးကို အထူးသဖြင့် ပြင်သစ်သံရုံးနဲ့ ပြင်သစ်စစ်အခြေစိုက်စခန်းတွေကို ဆန့်ကျင်တာပါ ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်” လို့ စစ်ခေါင်းဆောင်ကို သစ္စာခံအရာရှိက ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်ရှိဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
Ref: Reuters