ကယားပြည်နယ်၊လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ဆင်းသက်ဖို့ ကြိုးပမ်းနေစဉ် ပစ်ခတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။ 

လေယာဉ်ပစ်ခတ်တဲ့ဖြစ်စဥ်ကို ကျွန်တော် သတင်းမှာတွေ့လိုက်တာတော့ ပေ ၃၅၀၀ လို့ ပြောတယ်။ ပေ ၃၅၀၀ ဆို အနည်းဆုံးကိုက် ၁၀၀၀ ကျော်တယ်။ PDFတွေအနေနဲ့ ဒီလေယာဉ်ကို ပစ်တာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။ ခရီးသည် လေယာဉ်ကို ပစ်စရာအကြောင်းမှ မရှိတာ။ ဒီဖြစ်စဥ် ဖြစ်ပြီးတာနဲ့ စစ်တပ်ဘက်က မြန်မြန်ဆန်ဆန်ပဲ ထုတ်ပြန်လာတယ်ဆိုတေ့ာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ဘက်က လုပ်တာလို့မြင်တယ်။ ဖြစ်ဖို့များတယ်။ကိုက် ၁၀၀၀ကျော်လောက်ကို ရောက်တဲ့သေနတ်က အဖွဲ့တိုင်းမှာမရှိဘူးလေ။ ဒီဘက်အဖွဲ့ (PDF)တွေမှာ အဲ့လောက် သေနတ်မရှိဘူးလေ။ ကျွန်တော်တို့ဘက်ကလည်း အတည်ပြုလို့မရဘူးဆိုတာ အပစ်ခံရတဲ့လေယာဉ်ကလည်း သူတို့လက်ထဲမှာရှိတာကို၊ အကုန်လုံးက သူတို့လက်ထဲမှာရှိနေတော့  သူတို့ လုပ်ချင်ရာ လုပ်နိုင်တာပဲ၊ ရှင်းရှင်းပြောရင် ဒီဘက်က ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ  လက်ခံလို့ကို မရဘူး။ လွိုင်ကော်လေယာဉ်ကွင်းဆိုတာ အရပ်ဘက်လေယာဉ်တွေ အများဆုံးဆင်းတာ။ စစ်ဘက်လေယာဉ်တွေဆို ATR 72 လို လေယာဥ်တွေကတော့ မကြာခဏ ဆင်းတာတော့ရှိတယ်။ တပ်လေယာဉ် မဆင်းဘူးဆိုတာတော့ မဟုတ်ဘူး ဆင်းတယ်။

ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က အမြင့်ပေ ၃၅၀၀ မှာ ပစ်ခတ်ခံရတဲ့ ကျည်ဟာ လေယာဉ်ဝမ်းဗိုက်ကို ထွက်ပြီး ခရီးသည် ပါး ထိမှန်တယ်လို့ ထုတ်ပြန်တယ်ဆိုတော့ ဒီလို ပစ်လို့ရတဲ့ သေနတ်ကလည်း ဘယ်လိုအမျိုးအစားလဲ၊ ဒါကရော စစ်ကောင်စီ ပြောသလို ဖြစ်နိုင်လား။

 အဲ့ဒါ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောတာလေ။ အကွာအဝေးက အဲ့လေယာဉ်ရဲ့ကျည်အားက ပြောရရင်လေယာဉ်ရဲ့ဝမ်းဗိုက်ကို ဖြတ်ပြီးတော့ ခရီးသည်ပါးကို မှန်တယ်ဆိုတာ စဉ်းစားကြည့်တော့လေ၊  အဲ့ဒီလို လက်နက်မျိုးက PDFနဲ့  KNDFတို့မှာ မရှိနိုင်သေးဘူး၊ တစ်ခုတော့ရှိတယ်ပေါ့ဗျား၊  ရဲတပ်သားတွေကို ခက်ခဲတဲ့နေရာ တာဝန်အရ ပို့ရရင် အရပ်ဘက်လေယာဉ်နဲ့ ပို့တာရှိတယ်။ လေယာဥ်ပေါ်မှာ ဖြစ်တာရော မဖြစ်နိုင်ဘူးလား။ ရှင်းရှင်းပြောရရင် ပေ ၃၅၀၀ အောက်ကနေပစ်တဲ့ သေနတ်ကျည်ဆံက လေယာဉ်ဝမ်းဗိုက်ကို ဖြတ်ပြီးတော့ ခရီးသည်ကို မှန်တယ်ဆိုတာ နည်းနည်းသိပ်ပြီး အဓိပ္ပါယ်မရှိဘူးဗျာ့။  

နောက်ဆုံးအနေနဲ့ ကယားပြည်နယ်၊လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်လဲ။

အရပ်ဘက်ခရီးသည်တင် လေယာဉ်တွေမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ လုံး၀သယ်ခွင့်မရှိဘူး။ ပေါက်ကွဲစေတတ်တဲ့ ဂတ်စ်ပါတဲ့ပစ္စည်းမျိုးတွေ တင်ခွင့်မရှိဘူး။ လက်နက်ခဲယမ်းဆိုတာကလည်း လုံး၀တင်ခွင့်မရှိဘူး။ အရာရှိတွေဆိုရင် အဲ့လိုမျိုးယူခွင့်မရှိဘူး။ အခုနောက်ပိုင်း အဲ့ဒါမျိုးတွေ အများကြီးပဲ။ အခုလွိုင်ကော်လို နေရာမျိုးတွေက ဘာဖြစ်လဲဆို နယ်မြေတွေက မလုံခြုံတော့ အရာရှိစစ်သည် အကုန်လုံးက အပြောင်းအရွေ့ကို လေယာဉ်နဲ့ပဲ သွားကြတယ်။ အဲ့တော့ ဒီကိစ္စက အောက်က လှမ်းပစ်တာရော ဟုတ်ရဲ့လားဆိုတာ ပြန်ပြီးစုံစမ်းရမယ်၊ သုံးသပ်ရမှာပေါ့။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.