မော်လမြိုင်၊ စက်တင်ဘာ (၄)
လက်စတာအသင်းဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉) လက်ကျန် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး နိုင်ပွဲစရခဲ့တာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲ ကစားပြီးတဲ့အထိ နိုင်ပွဲမရသေးတဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းဟာ ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်ကို ပြိုင်ပွဲတလျှောက် အကောင်ဆုံး ဖိအာပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာ ဂိုးပြတ်နိုင်ပွဲရခဲ့တာပါ။
လက်စတာအသင်းဟာ ဒီပွဲမှာ ဗာဒီ၊ မာဒီဆင် အပါအဝင် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်ကတော့ ကစားသမားအစုံအလင်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။
ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်စတာအသင်းကို အဘက်ဘက်က မယှဉ်နိုင်တဲ့အတွက် အရှုံးပေးလိုက်ရပါတယ်။
လက်စတာအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၅ မိနစ်နဲ့ ၃၅ မိနစ်တို့မှာ မာဒီဆင်၊ ပွဲချိန် ၂၇ မိနစ်မှာ ဘာနက်စ်၊ ပွဲချိန် ၇၃ မိနစ်မှာ ဒါကာက သွင်းယူပေးခဲ့တာပါ။
လက်စတာအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာကနေ အဆင့် ၁၉ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ အဆင့် ၂၀ နေရာကို ဆင်းပေးခဲ့ရတာပါ။
သတင်း- သံလွင်တိုင်းမ်