ဘီးလင်း၊ အောက်တိုဘာ (၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထောက်ခံသူတွေ အပါအဝင် ဒေသခံအရပ်သားပြည်သူတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာနေ NLD ပါတီ ထောက်ခံသူ ဖြစ်တဲ့ ဦးဟိန်းဇော်လတ်နဲ့ဦးပွင့်ဦးတို့ ၂ ဦးကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ကတော့ သူတို့ နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ဖမ်ဆီးခဲ့တာပါ။ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးအပတ်တုန်းကလည်း ဘီးလင်းမြို့နယ်၊ ဆင်စုကျေးရွာမှာ နေထိုင်တဲ့ NLD ပါတီ ထောက်ခံသူ ဦးမျိုးဝင်း အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် မိသားစုဝင် ၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာပါ။

ဒါ့အပြင့် ဘီးလင်းမြို့နယ် လဝကရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာက မောင်အောင်ဇင်ဖြိုးနဲ့ မဝသုန်စိုး(ခ)မအေးသန္တာစိုးတို့ မောင်နှမ ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာမသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ ပျူစောထီးအဖွဲ့နဲ့ သတင်းပေးဒလန်တွေ မကြာခဏ ပစ်ခတ်ရှင်းခင်းခံနေရတာကြောင့် စစ်ကောင်စီက မင်္သကာတဲ့ သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.