မော်လမြိုင် – အောက်တိုဘာ(၄)

မြန်မာ့သတိုင်းတလျှောက်မရဖူးတဲ့ ညီညွတ်မှု အင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးဟာ မအောင်မြင်စရာ မရှိဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်(၇၀) မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“ဒီတော်လှန်ရေးဟာ ထူးခြားတဲ့ တော်လှန်ရေး ဖြစ်တယ်၊ အရင်တုန်းက မြန်မာ့သမိုင်းတလျှောက် မရဖူးခဲ့တဲ့ ညီညွတ်မှုအင်အားတွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ထုတ်နေ ရတဲ့ တော်လှန်ရေးဖြစ်တယ်၊ ဒီလို ညီညွတ်မှုတွေနဲ့ အတူတကွသွားနေကြတဲ့ ဒီတော်လှန်ရေးဟာ မအောင်မြင်စရာကို မရှိဘူး” လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးတစ်ခု ဆင်းနွှဲတာဟာ အားလုံးပြီးပြည့်စုံတဲ့အချိန်ထိစောင့်လို့မရတဲ့ အတွက် တော်လှန်ရေးအင်အားစုတွေ လက်ချင်းချိတ်ပြီး ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါသေးတယ်။

အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးကာလဖြစ်တဲ့အတွက် နိုင်ငံရေးအခြေအနေတွေ၊ နိုင်ငံခြားရေး အခြေအနေတွေ၊မဟာမိတ်တွေနဲ့ ဆက်ဆံရေး အခြေအနေတွေ၊မြေပြင်က စစ်ရေး အခြေအနေ၊ စီမံအုပ်ချုပ်မှု အခြေအနေတွအားလုံးကို မျက်ခြေမပြတ်ဘဲ စီမံဆောင်ရွက်ကြဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.