ဂန့်ဂေါ – အောက်တိုဘာ(၄)
မကွေးတိုင်းဂန့်ဂေါခရိုင်မှာ စက်သုံးဆီသယ်ဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက် ခိုက်ဖို့ သွားချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် -ဂန့်ဂေါအဖွဲ့က ရဲဘော်နှစ်ဦးရဲ့ သတင်းပေါက် ကြားခဲ့တဲ့အတွက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၃၀) ရက်နေ့က မြောက်ခင်ရန်းရွာကနေ တောင်ခင်ရန်းရွာကို လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်မယ့် နေရာကို ထွက်လာချိန်ဖမ်းဆီးခံ လိုက်ရတာပါ။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေဟာ ကျေးရွာကာကွယ်ရေးကို ဦးဆောင်လုပ်ကိုင်နေတဲ့ လူငယ်တွေဖြစ်ပြီး သူတို့ကို ဖမ်းမိသွားတဲ့နေရာမှာတင် သတ်ဖြတ်ပြီး အလောင်းကို လာပြစ် သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တော်လှန်ရေးရဲဘော်နှစ်ဦးကို တောင်ခင်ရန်း နယ်မြေရဲစခန်းက စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်သားတွေက ကြိုတင်ကင်းပုန်းဝပ်ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးအတွက် မိသားစုတွေနဲ့ တော်လှန်ရေးညီအကိုတွေက ဝမ်းနည်းပူ ဆွေးမှုတွေရှိနေပေမယ့် စစ်အာဏာရှင်ကို အမြတ်ပြတ်တဲ့ အထိတော်လှန်ရေးအောင်မြင်အောင် တိုက်ပွဲဝင်သွားမယ်လို့ PDF-Gangaw က ဆိုထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ခုခံတော်လှန်နေတဲ့ဒေသ ကာကွယ်ရေးတပ်တွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်