မောင်တော – အောက်တိုဘာ(၃)
ရခိုင်ပြည်နယ် မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း ကို အမည်မသိလူ(၃) ဦးက ဓား နဲ့ထိုးခဲ့တဲ့အတွက်သေဆုံးသွားတယ်လို့ မောင်တော မြို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါ တယ်။
ဖြစ်စဉ်မှာပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ ညပိုင်းက ခရိုင်ပညာရေးမှူးဒေါက်တာ မြင့်မြင့်စန်း နေထိုင် တဲ့ ခရိုင်ပညာရေးမှူးရုံးအတွင်းကို ဝင်ရောက်ပြီး ဓားနဲ့ထိုးသွားတာဖြစ်ပါတယ်။
ဓားထိုးခံလိုက်ရတဲ့ ဒေါက်တာမြင့်မြင့်စန်းကို မောင်တောမြို့နယ် ကရုဏာကွန်ရက် လူမှုကူညီရေး အသင်းလူနာတင်ကားနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အရေးပေါ်ဌာနမှာ ဆေးဝါးကုသနေစဉ်သေဆုံး သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်းကို ဘယ်သူတွေက အခုလိုလုပ်ကြံသတ်ဖြတ်တာလဲ ဆိုတာ မသိရသေးသလို စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာလည်း မသိသေးဘူးလို့ သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ မောင်တောမြို့နယ်ရဲစခန်းကို ဆက်သွယ်မေး မြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
ဓာတ်ပုံ – ကရုဏာကွန်ရက် လူမှုကူညီရေး အသင်း