မော်လမြိုင်၊ အောက်တိုဘာ (၃)

မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယာလိဂ်ပွဲစဉ်(၈) မှာ မြိုခံပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ဂိုးပြတ်အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီပွဲမှာ ရပ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဖာနန်ဒက်စ် အပါအဝင် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပြီး ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကိုတော့ အရံခုံမှာ ပို့ထားခဲ့တာပါ။

မန်စီးတီးအသင်းကတော့ ဟာလန်း၊ ဒီဘရိုင်း၊ ဖိုဒန် အပါအဝင် အတောင့်တင်းဆုံး လူစာရင်းနဲ့ မန်ယူအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။

ဒါပေမယ့် မန်ယူအသင်းဟာ ပြိုင်ပွဲတလျှောက် မန်စီးတီးအသင်းကို အဘက်ဘက်က ယှဉ်ပြိုင်နိုင်စွမ်း မရှိတာကြောင့် ပွဲအပြီးမှာ ၆ ဂိုး ၃ ဂိုး ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာပါ။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်ကစားသမား နှစ်ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဖိုဒန်တို့က ဟက်ထရစ်သွင်းဂိုးတွေ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းအတွက် ချေးပဂိုးတွေကိုတော့ လူစားဝင် တိုက်စစ်မှူး မာရှယ်လ်က ၂ ဂိုး ၊ တိုက်စစ်ကစားသမား အန်တိုနီက တစ်ဂိုး သွင်းယူပေးခဲ့တာပါ။

မန်ယူအသင်းဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် အဆင့် ၆ နေရာကို ဆင်းပေးခဲ့ပြီး မန်စီးတီးအသင်းကတော့ အဆင့် ၂ နေရာမှာပဲ ဆက်လက် ရပ်တည်နေတာပါ။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.