မော်လမြိုင် – အောက်တိုဘာ(၁)
နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးတိုက်ပွဲ၊သပိတ်တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပါအဝင် အဖိနှိပ် ခံအရေး၊ကျောင်းသားထုအရေးနဲ့ လူနည်းစုအရေးတွေမှာ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ မွတ်စ်လင်မ်ရဲ ဘော်တွေစုပေါင်းပြီး ပြည်သူ့လွတ်မြောက်ရေးမွတ်စ်လင်မ်တပ်ဦးကို စတင်ဖွဲ့စည်းခဲ့ တယ်လို့ (PLMF) ကတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦး (ပလမတ)/ People Liberation Muslim Front (PLMF) ကိုအာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီရေး၊လူမျိုးကြီးဝါဒဆန့်ကျင် ရေး၊ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးနဲ့ လူမှုတရားမျှတမှုရရှိရေးဆိုတဲ့ အချက်(၅) ချက်နဲ့ စတင် ဖွဲ့စည်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သမိုင်းကြောင်းအရ ရှုပ်ထွေးသော နိုင်ငံရေး၊လူမျိုးရေးပြဿနာတွေရှိတဲ့ လူ့အဖွဲ့အစည်းအတွင်း ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ လူမျိုးကြီးဝါဒအပါအဝင် တခြားသော ဖိနှိပ်မှုတွေနဲ့ မှားယွင်း နေတဲ့ အတွေးအခေါ်တွေကို ဆန့်ကျင်ဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။
နွေဦးတော်လှန်ရေးမှာ မွတ်စ်လင်မ်လူထုရဲ့ ပါဝင်မှုပိုပြီး အားကောင်းစေဖို့လိုအပ်နေတဲ့အတွက် မွတ်စ်လင်မ်လူထုကို ကိုယ်စားပြုတဲ့ ခိုင်မာကျစ်လစ်သော စစ်ရေး၊နိုင်ငံရေး စုဖွဲ့မှုတရပ် တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်တပ်ဦးဟာအာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုတွေကိုဆန့်ကျင်ပြီး မွတ်စ်လင်မ် လူထုအပါအဝင် တခြားသော အဖိနှိပ်ခံအရပ်ရပ်နဲ့ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ လူထုတရပ်လုံးက အင်တိုက်အားတိုက်နဲ့ ဆန့်ကျင်တော်လှန်နေတဲ့ လူမျိုးစုအသီးသီးက အဖိနှိပ်ခံလူထုဟာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေး စနစ်တစ်ခုပေါ်ပေါက်ဖို့ အမြင့်ဆုံးနဲ့ ပေးဆပ်စွန့်လွှတ်မှုအကြီးမားဆုံး လက်နက်ကိုင် တိုက်ပွဲ နည်းလမ်းကို အသုံးပြုနေတဲ့ တော်လှန်ရေးဒီရေမြင့်ကာလဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်