September 2022

မွန်ပြည်နယ်မှာ ခရီးသွားလုပ်ငန်း ပြန်စဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၇) စစ်တပ် အာဏာသိမ်းပြီးနောက် အဘက်ဘက်ကနေ ကျဆင်းနေတဲ့ မွန်ပြည်နယ်ရဲ့ ခရီးသွားကဏ္ဍကို စစ်ကောင်စီက ပြန်လည် စတင်ဖို့ အပြင်းအထန် ကြိုးပမ်းလာတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်နယ်အတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့အတွက် သမိုင်းဝင် အဆောက်အဦးတွေ၊ ဂူတွေ၊ မော်လမြိုင် Night Walking Street အပါအဝင်…

ရေးမြို့မှာ စစ်ကောင်စီ စစစ (စသုံးလုံး) ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရေး၊ စက်တင်ဘာ (၂၇) မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)ရုံးဟာ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီ စစစရုံးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က မိုင်းထောင် ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ စစစရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး…

စစ်ကောင်စီတပ်သား (၃) ဦး ကော်ဘရာစစ်ကြောင်းရဲ့ စနိုက်ပါလက်ချက်နဲ့ သေဆုံး

လေးကေကော် – စက်တင်ဘာ(၂၅) ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ တောင်နီကျေးရွာအနီးက တောင်ကုန်း တစ်ခုပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃) ဦးစနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မ(၄၄) လက်အောက်ခံ ခမရ (၁၀၄) ကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာ စစ်ကြောင်းရဲ့ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါစစ်သည်တွေက ပစ်ခတ်ခဲ့တာလို့…

ပုလောမြို့နယ် KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်း အဝင်မခံဖို့ အမိန့်ထုတ်

ပုလော၊ စက်တင်ဘာ (၂၅) တနင်္သာရီတိုင်းဒေသကြီး၊ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုလောမြို့နယ်အတွင်း မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ကြဖို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က စက်တင်ဘာ ၂၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ KNU ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးဂိတ်တွေ ဖြတ်သန်းရာမှာ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်တာတွေ မလုပ်ဖို့နဲ့…

နေအိမ်အဆောက်အဦး မီးရှို့ ဖျက်ဆီးမှုတွေကို အာဏာသိမ်း စစ်အုပ်စု ပိုမို ကျူးလွန်လာ

စစ်ကိုင်း၊ စက်တင်ဘာ (၂၅) အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းကာလတွေမှာ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေဒေသက နေအိမ်အဆောက်အဦး မီးရှို့ဖျက်ဆီးမှုတွေကို နေ့စဉ်နဲ့အမျှ ပိုမို ကျူးလွန်လာတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခံရတာတွေ၊…

NU ဖာပွန်ခရိုင်မှာ စစ်ကောင်စီ လက်အောက်ခံ BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာ

ဖာပွန်၊ စက်တင်ဘာ (၂၅) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)ထိန်းချုပ်နယ်မြေထဲကို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာပြီး ဒေသခံပြည်သူလူထုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျုးလွန်နေတယ်လို့ တပ်မဟာ(၅) ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၁)ရက်နေ့က နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်(၁၀၀)ကျော်ဟာ အုန်းတောလှေဆိပ်ကနေ တစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်းကို ဝင်ရောက်လာပြီးနောက် ဒေသခံပြည်သူလူထုတွေကို…

ကလေးသူငယ်တွေအတွက် စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာ (၂၅) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် သေဆုံးထားတဲ့ ကလေးသူငယ်တွေအတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အရေးယူနိုင်မယ့် အခင်းအကျင်း တစ်ခု ဖန်တီးပေးနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီက လူနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် သေဆုံးမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ပရောဂကြောင့်…

ကျိုက်ထိုမြို့ပေါ်မှာ မီတာခအကြွေး ကျန်တဲ့ နေအိမ်တွေကို စစ်ကောင်စီ မီးလိုက်ဖြတ်နေ

ကျိုက်ထို၊ စက်တင်ဘာ(၂၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်မှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခအကြွေး ကျပ် ၅ သိန်းနဲ့အထက် ကျန်တဲ့ နေအိမ်တွေကို လျှပ်စစ်မီးဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယအပတ်ကစပြီး ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်မီတာခ အကြွေး ကျပ်…

အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ပအိုဝ်းတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဖို့ PNFC ပြောဆို

ပင်လောင်း – စက်တင်ဘာ(၂၄) အာဏာရှင်စနစ်အပြီတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ပအိုဝ်းပြည်သူတစ်ရပ်လုံး က တိုင်းရင်းသားပေါင်းစုံနဲ့ အတူပူးပေါင်းပါဝင်ဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကတိုက်တွန်း လိုက်ပါတယ်။ စက်တင်ဘာလ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) ပအိုဝ်းအမျိုးသားအာဇာနည်နေ့အထိမ်းအမှတ် တိုက်တွန်းချက်မှာထည့်သွင်းဖော်ပြခဲ့တာပါ။ “အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ စွန့်လွှတ်မှုတွေအနစ်နာခံမှုတွေ ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို ဆောင်ရွက်ခဲ့ကြတယ်။ ပအိုဝ်းတွေဟာ အမျိုးသားလွတ် မြောက်ရေးကို စဉ်းစားတဲ့အခါမှာ မိမိတို့ လူမျိုးတွေအတွက် ကွက်ကွက်လေးစဉ်းစားတာမဟုတ်ဘဲနဲ့…