September 2022

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ နည်လှည့်စည်းရုံးမှု အလုပ်မဖြစ်နိုင်

မော်လမြိုင်၊ စက်တင်ဘာ (၂၈) မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ပူးပေါင်းဖို့နဲ့ နယ်မြေသတင်းတွေပေးဖို့ စည်းရုံးပေမယ့် အလုပ်မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကတည်းက မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ပါဝင်တဲ့ စစ်ကြောင်းကြီး ၅…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ပြန်ခေါ်သက်သေမလာလို့ ရုံးချိန်း ထပ်ရွှေ့

မော်လမြိုင်၊ စက်တင်ဘာ (၂၈) အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ပြန်ခေါ်သက်သေမလာတဲ့အတွက် ရုံးချိန်း ထပ်ရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒီရုံးချိန်းမှာ ပြန်ခေါ် သက်သေတွေ ဖြစ်တဲ့ စစ်ကောင်စီ မော်လမြိုင်ခရိုင်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ…

အီတလီအသင်း Final Four အဆင့်သို့ တက်ရောက်နိုင်ခဲ့

မော်လမြိုင်၊ စက်တင်ဘာ (၂၇) ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ နာမည်ကြီး အီတလီအသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် အဆင့်(A) ပြိုင်ပွဲမှာ အုပ်စုအတွင်း ပြိုင်ဘက် ဟန်ဂေရီအသင်းကို အနိုင်ယူပြီး Final Four အဆင့်သို့ တက်ရောက်နိုင်ခဲ့တာပါ။ အီတလီနည်းပြ မန်စီနီဟာ ဒီပွဲမှာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့သလို…

မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ နိုင်ငံတကာကို NLD ပါတီ တိုက်တွန်း

ရန်ကုန် – စက်တင်ဘာ(၂၇) အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိုကာကွယ်ပေးဖို့ အချိန်ကျပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို NLD ပါတီက တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း (၃၄) နှစ်ပြည့်ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။ လွတ်လပ်ပြီး…

ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံး ကို မြို့ပြပျောက်ကြားအဖွဲ့တွေက ဗုံးဖောက်ခွဲတိုက်ခိုက်

ရွှေပြည်သာ စက်တင်ဘာ ၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၀) ရပ်ကွက်၊ စက်မှုလမ်းနှင့် မကွေးလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်မှူး ရုံး ကို မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ YUGA ( MO_7 Eagle ) အဖွဲ့က လက်ပစ်ဗုံးနဲ့ စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ အလိုကျ…

ဆွန်ဇာလန်နိုင်ငံမှာ မိုဒန်နာ ကိုဗစ်ကာကွယ်ဆေး (၁၀) သန်းကျော်ကို ဖျက်ဆီးမယ်

ဇူရစ် – စက်တင်ဘာ(၂၇) ဆွစ်ဇာလန်နိုင်ငံမှာ မိုဒန်နာကိုဗစ်ကာကွယ်ဆေး (၁၀.၃) သန်းကို ဒီသီတင်းပတ်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြာခဲ့ ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၁) ရက်နေ့က ဆေးတွေ သက်တမ်းကုန်ဆုံးပြီးနောက် ဖယ်ရှား ဖျက်ဆီးလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ ဝန်ကြီးဌာနက ပြောဆိုခဲ့တယ်လို့ Keystone-ATS သတင်းဌာနက ထုတ်ပြန်ထားတာပါ။ ဆေးပမာဏ(၂.၅)သန်းကို ဆွစ်ဇာလန်စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးစခန်းမှာ…

သမ္မတရှီ အာဏာသိမ်းခံရတဲ့သတင်းထွက်ပေါ်နေပေမယ့် တရုတ်ဖက်က တုံ့ပြန်ပြောဆိုခြင်း မရှိသေး

ပေကျင်း၊ စက်တင်ဘာ(၂၇) တရုတ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားတယ်လို့ အိန္ဒိယနိုင်ငံရှိ မီဒီယာတွေမှာ ဖော်ပြနေကြပေမယ့် တရုတ်ဖက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဘေးဂျင်းလေဆိပ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းလိုင်း ၆၀၀၀ ကျော်ကို ခရီးစဉ်ပယ်ဖျက်ထားလိုက်ပြီး နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဟာ နေအိမ်အကျယ်ချုပ်…

အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟားရစ် ကိုရီးယား စစ်မဲ့ဇုန်ကို သွားရောက်မယ်

တိုကျို၊ စက်တင်ဘာ (၂၈) အမေရိကန် ဒုတိယ သမ္မတ ကင်မလာ ဟားရစ်ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြားမှာရှိတဲ့ စစ်မဲ့ ဇုန် (Demilitarised Zone – DMZ) ကို စက်တင်ဘာ ၂၉ ရက်နေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီခရီးစဉ်ကို တိုကျိုမြို့မှာ စက်တင်ဘာ ၂၇ရက်နေ့က…

ကျူးဘားမှာ လိင်တူချင်းထိမ်းမြားခွင့်ကို တရားဝင်ခွင့်ပြုဖို့ ပြည်သူတွေတခဲနက် မဲပေးခဲ့

ဟာဗားနား ၊ စက်တင်ဘာ (၂၈) မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုဖို့ ကျူးဘား မဲဆန္ဒရှင် ၆၆ရာခိုင်နှုန်း က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အငှားကိုယ်ဝန်ဆောင်ခွင့်နဲ့ လိင်တူစုံတွဲတွေကို ကလေးမွေးစားခွင့် ပြုပေးနိုင်မယ့် မိသားစုစည်းမျဉ်း သစ်ထဲက ပြုပြင်ပြောင်းလဲမှု တွေကို အတည်ပြုနိုင်ဖို့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံက မဲပေးခဲ့ကြတာပါ။ ၁၉၆၀ နဲ့ ၁၉၇၀…