September 2022

NLD အမတ်အချို့ စစ်ကောင်စီအလိုကျ အသုံးချခံ ဒလန်လုပ်နေတယ်လို့ တိုင်း ဒုဥက္ကဋ္ဌ ပြော

ရန်ကုန် ၊ စက်တင်ဘာ (၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အချို့ဟာ စစ်ကောင်စီအလိုကျ အသုံးတော်ခံနေပြီး သတင်းပေး ဒလန်လုပ်နေတယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှု အကြောင်းပြပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NLD ပါတီက ရွေးကောက်ခံအမတ်အများစု စစ်ကောင်စီကို…

စစ်ကောင်စီရဲ့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုဟာ ဆေးမီးတိုသာ ဖြစ်တယ်လို့ ဝေဖန်

ရန်ကုန် ၊ စက်တင်ဘာ (၂) အာဏာသိမ်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မှုဟာ ဆေးမီးတိုသာ ဖြစ်ပြီး ဈေးကွက်တစ်ခုလုံးအပေါ် ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်မှုကို သက်သာစေဖို့ နိုင်ငံခြား ငွေကြေး ဈေးကွက်မှ…

ဘီးလင်းမှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

ဘီးလင်း ၊ စက်တင်ဘာ (၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်နဲ့ကျောက်ဖျာကျေးရွာကြားမှာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝင်းတာပန် စစ်ကောင်စီစခန်းကနေ လေးကေကျေးရွာဘက်ကို ခြေလျင်နဲ့ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

လောင်းလုံးမှာ လုပ်ငန်းရှင် တစ်ဦး နေအိမ်ကို ပျူစောထီးအဖွဲ့က ဓါးပြတိုက်၊ ရွှေ ၃၀ သားနဲ့ ကျပ်သိန်း ၁၇၀ ယူဆောင်သွား

လောင်းလုံး ၊ စက်တင်ဘာ (၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ်၊ ညောပြင်ကျေးရွာက ငါးဖမ်းလုပ်ငန်းရှင် ဦးသိန်းဝင်း နေအိမ်ကို ချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့က ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေ ၃၀ သားနဲ့ ကျပ်သိန်း ၁၇၀ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၃၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က…

စျေးတက်လာတဲ့ စားသောက်ကုန်တွေတခြားနယ်ကို သယ်ယူရောင်းချခွင့် ဂန့်ဂေါ ပအဖ ယာယီပိတ်ပင်

ဂန့်ဂေါ – စက်တင်ဘာ(၁) ကုန်ပစ္စည်းတွေလိုအပ်တာထက်စျေးပိုမြင့်တက်လာတာကြောင့် စစ်ဘေးရှောင်တွေစားဝတ် နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် ဂန့်ဂေါမြောက်ပိုင်းမှာ ဆန်စပါးနဲ့ ဆီသယ်ယူ ရောင်းချတာကိုယာယီကန့်သတ်လိုက်တယ်လို့ ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ အခုလိုကန့်သတ်လိုက်တာဟာ ကုန်စျေးနှုန်းတွေမြင့်တက်နေတဲ့အတွက်လုပ်ဆောင်ထားတာ ဖြစ်ပြီး အခြေအနေတွေတည်ငြိမ်ရင် ဖြေလျှော့မှုတွေပြန်လုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။ “အဓိကကတော့ ဂန့်ဂေါနယါမြောက်ပိုင်းဒေသကို ဦးတည်တာ ဖြစ်တဲ့အတွက် စောင့်ကြည့်ရာ မှာလည်း အခက်အခဲတော့ သိပ်မရှိပါဘူး။ တစ်နယ်လုံးရဲ့ ဈေးကွက်အနေအထားကို ထိခိုက် နိုင်မယ့်အလားအလာတော့…

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနျူကလီးယားစက်ရုံကို စစ်ဆေးမှုတွေ ပြုလုပ်မည်

ကိယက်ဗ် ၊ စက်တင်ဘာ (၁) နိုင်ငံတကာ အဏုမြူစွမ်းအင်ဆိုင်ရာအေဂျင်စီ (IAEA) အကြီးအကဲ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုတွေဖြစ်စေတဲ့ ယူကရိန်း တောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံသို့ သွားရောက်ဖို့ ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မှ ထွက်ခွာလာခဲ့ပါတယ်။ ဥရောပ၏အကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇီဇီယာ နျူစက်ရုံသည် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များကြား ရှေ့တန်းတွင်တည်ရှိပြီး အဆိုပါဧရိယာသည်…

ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းမြင့်မားနေတဲ့ ထိုင်းမှာအခြေခံလုပ်ခလစာတိုးမြှင့်ပေး မယ်

ဘန်ကောက် – စက်တင်ဘာ(၁) ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ဖို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတည်းက စတင်ဆိုင်းငံ့ထား ပြီးနောက် ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းပြီး အလုပ်သမားတွေကို ကူညီဖို့အတွက် လာမယ့် အောက်တိုဘာလ (၁) ရက်နေ့ကစပြီး ပျမ်းမျှ(၅) ရာခိုင်နှုန်းတိုးဖို့စီစဉ်ထားပါတယ်။ တစ်ရက်ကို (၃၂၈) ဘတ်(၉.၁၁) ဒေါ်လာကနေ (၃၅၄) ဘတ်အထိ နှုန်းထားအသစ်ကို စီးပွားရေး အခြေအနေပေါ်မူတည်ပြီး ပြည်နယ်(၉)…

တရုတ်နဲ့ ရုရှားကို တန်ပြန်ဖို့ ဂျပန်တာဝေးပစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့စီစဉ်

တိုကျို – စက်တင်ဘာ(၁) ဂျပန်နိုင်ငံက တရုတ်နဲ့ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်တဲ့ စစ်ရေးတိုးချဲ့မှု အဖြစ် တာဝေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခရုဇ်ဒုံးကျည်နဲ့ မြန်နှုန်းမြင့် ပဲ့ထိန်း ဒုံးကျည် တွေထုတ်လုပ်မှာဖြစ်တယ်လို့ ဩဂုတ်လ(၃၁) ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုမှာ ဖော်ပြထားတဲ့ ဝယ်ယူရေးအစီ အစဉ်ဟာ ဂျပန်ရဲ့ ဖွဲ့စည်းပုံအရ ထိန်းချုပ်ထားတဲ့ ခုခံကာကွယ်ရေးတပ်ဖွဲ့အပေါ်…

ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦး ပြန်လွတ်လာ

ဘားအံ၊ စက်တင်ဘာ ၁ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ်ပြစ်ဒဏ်ကျခံ‌နေရတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးဟာ ပြစ်ဒဏ်ရက်‌စေ့သွားတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ဘားအံ တောင်ကလေး အကျဉ်းထောင်က‌နေ ပြန်လည်လွတ်မြောက်လာတယ်လို့အန်အယ်လ်ဒီပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားလိုက်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီး ၃ ဦးမှာ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်နဲ့…