September 2022

KNU တပ်မဟာ ၅ ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၂၀ ချီးမြှင့်

ဖာပွန် ၊ စက်တင်ဘာ ၂ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာခဲ့ပြီး တပ်မဟာ(၅)က ငွေကျပ်သိန်း(၂၀)တိတိ ဆုချီးမြှင့်ခဲ့တယ်လို့ ကေအဲန်ယူ-ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်လက်အောက်ခံ ခမရ(၅၉၃)က အသက်(၂၅)နှစ်ရှိတဲ့ တပ်သားမောင်သန့်ဇင်အောင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ထံ MA-3 သေနတ်တစ်လက်၊ ကျည်(၁၇၀)တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က…

ကမ်းလွန်လောင်စာ တူးဖော်ရေးကိစ္စ တရုတ်နှင့်ဆွေးနွေးပွဲများ ကျင်းပရန် လမ်းဖွင့်ပေးလျှက်ရှိသည် ဟု ဖိလစ်ပိုင် ထိပ်တန်းအသံအမတ်ပြောကြား

မနီလာ ၊ စက်တင်ဘာ (၂) ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့် ရေနံ၊သဘာဝဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ဖိလစ်ပိုင် ထိပ်တန်း သံတမန်က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၁) နေ့မှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ဖာဒီနန်မားကိုးစ် ဂျူနီယာ ရဲ့ အစိုးရသည် ဆွေးနွေးမှုများ ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် မည်ကဲ့သို့သော သဘောတူညီချက်ဖြစ်စေ ဖိလစ်ပိုင်ဥပဒေများကို…

ပဏာမသဘောတူညီချက်အရ IMF က သီရိလင်္ကာနိုင်ငံကို ဒေါ်လာ (၂.၉) ဘီလျံချေးမယ်

ကိုလံဘို – စက်တင်တာ(၂) သီရိလင်္ကာနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ပဏာမသဘောတူညီချက်တစ်ခု အဖြစ် အမေရိကန်ဒေါ်လာ (၂.၉) ဘီလျံ ချေးငွေရယူခဲ့တယ်လို့ စက်တင်ဘာလ(၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရန်ပုံငွေပံ့ပိုးပေးတဲ့ အစီအစဉ်သစ်ရဲ့ ရည်ရွယ်ချက်မှာ မက်ခရိုစီးပွားရေး ထိန်းချုပ်မှုနဲ့ ကြွေးမြီး တွေအတွက်ပြန်လည်ထူထောင်ဖို့ဖြစ်ပြီး IMF ရဲ့ တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှုအောက်မှာ (၄၈) လကြာ အစီအစဉ်ကြေညာချက်မျာ…

တရုတ်အစိုးရဟာ ရှင်ကျန်းဒေသက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလ ထုတ်ပြန်

ပေကျင်း – စက်တင်ဘာ(၂) ရှင်ကျန်းဒေသက ဝီဂါနဲ့ တခြား မွတ်စလင်တွေကို တရုတ်နိုင်ငံဟာ ခွဲခြားဆက်ဆံဖမ်းဆီး ထိန်းသိမ်းတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာနိုင် တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အစီရင်ခံတစ်ခုမှာ ပြောပါတယ်။ တရုတ်နိုင်ငံအပေါ်ပျော့ပျောင်းလွန်းတယ်လို့ သံတမန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲဘချလတ် ဟာ…

စစ်တပ်ရဲ့ စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ခံစားနေရတာလို့ NUG ဆို

မော်လမြိုင် – စက်တင်ဘာ(၂) အာဏာသိမ်းစစ်ကောင်စီရဲ့ စီးခံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် ပြည်သူတွေ စီးပွားရေး ကျဆင်းမှု ဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို အတက်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို NUG ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။​ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး(၂၇/၂၀၂၂) မှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုကြောင့် ပြည်သူတွေအနေနဲ့…

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံ ချမှတ်

ရန်ကုန်၊ စက်တင်ဘာ ၂ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ဒီကနေ့ စက်တင်ဘာ၂ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဦးမင်းသူတို့ဟာ မလျော်သြဇာသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့…

ရွှေဈေး ထိုးတက်နေချိန် ရွှေထုတ်ရောင်းပြီး ဆေးမီးတိုနဲ့ ကုဖို့ စစ်ကောင်စီ ကြိုးပမ်းလာ

ရန်ကုန် ၊ စက်တင်ဘာ ၂ မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းနေပြီး ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကျော် ဈေးပေါက်နေချိန်မှာ တစ်ကျပ်သား၊ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီရုပ်သံကနေ ကြေညာပါတယ်။ စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ရွှေတွေကို ထုတ်ရောင်းပေးမယ်လို့ဆိုပေမယ့် ဘယ်လိုပုံစံ၊ဘယ်အချိန် ရောင်းချပေးမယ်ဆိုတာကိုတော့ တိတိကျကျ ကြေညာထားတာ‌တော့ မရှိပါဘူး။ ဩဂုတ် ၃၁…

ကရင်နီပြည်နယ်က ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ဟာ အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရ

ဒီမော့ဆို ၊ စက်တင်ဘာ (၂) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အန္တရာယ်ကြားထဲကနေ ပညာသင်ယူနေရတယ်လို့ ကရင်နီပညာရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်နီပြည်နယ်မှာ ရှိတဲ့ ကလေးသူငယ်(၉၅) ရာခိုင်နှုန်းလောက်ဟာ ပညာသင်ယူခွင့်ရရှိနေ ပေမယ့် အဲ့ဒီထဲက (၂၅) ရာခိုင်နှုန်းက စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ…

ဆောမြို့က ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ

ဆော – စက်တင်ဘာ(၁) မကွေးတိုင်း ဆောမြို့နယ်ရဲစခန်းက ရဲတပ်သားအပါအဝင် စစ်သားနဲ့ရဲ့ CDM ပြုလုပ်လာသူ တွေဟာ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ The Youth Force (Saw & Kyaukhtu) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လက်ရှိမှာတော့ The Youth Force (Saw & Kyaukhtu) တပ်ဖွဲ့ကို စစ်ကောင်စီဘက်က အလင်းဝင်…

စစ်အာဏာသိမ်း ရက် (၅၇၈) အတွင်း သတ်ဖြတ်ခံရသူ ၂၂၆၂ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၂ AAPP ၏ စက်တင်ဘာလ (၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၈)အတွင်း ပြည်သူ (၂၂၆၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၃၂၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၉) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…