September 2022

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ဟာ မြန်မာ့စီးပွားရေးအကျပ်အတည်း ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုသာ ဖြစ်

နေပြည်တော်၊ စက်တင်ဘာ (၄) ၄ ရက်ကြာ သွားရောက်မယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ မြန်မာ့စီးပွားရေးအကျပ်အတည်း ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ နိုင်ငံရေးနဲ့စီးပွားရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ ပြုလုပ်မယ့် ၇၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်…

ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း တစ်ခုကို KNLA တိုက်ခိုက်သိမ်းပိုက်

ဖာပွန်၊ စက်တင်ဘာ (၄) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNAL တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တပ်မဟာ(၅)နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ကေအဲန်ယူ-ဖာပွန်ခရိုင်လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ဖောလုတပ်စခန်းကို စက်တင်ဘာ(၂)ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ(၅) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ လက်နက်ငယ်၊…

ဂန့်ဂေါမှာ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

ဂန့်ဂေါ l စက်တင်ဘာ (၄) မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါမြို့နယ်၊ မြင်းဇာကျေးရွာထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ ဓါးစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က မြင်းဇာကျေးရွာထဲ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ…

နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာ

မော်လမြိုင်၊ စက်တင်ဘာ ၃ နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့အထိ…

ပေါင်မြို့မရဲစခန်း တိုက်ခိုက်ခံရ

ပေါင် ၊ စက်တင်ဘာ ၃ မွန်ပြည်နယ်၊ ပေါင်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းဟာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီ‌လောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီမြို့မရဲစခန်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်း ဒါမှမဟုတ် လက်နက်ကြီး ၄၀ မမနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ “အသံကတော့ အကျယ်ကြီးပဲ…

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ကို စစ်အုပ်စုက ပုံစံမျိုးစုံနဲ့နှိပ်စက်ညှင်းပန်းနေ တယ်လို့ ဦးကျော်မိုးထွန်းဆို

နယူးယောက် – စက်တင်ဘာ(၃) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်သူတွေရဲ့ ဘဝဆိုးရွားစွာထိခိုက်နေပြီး အမျိုး သမီးနဲ့ မိန်းကလေးငယ်တွေကို စစ်ကောင်စီတပ်သားတွေက ပုံစံမျိုးစုံနဲ့ ညှင်းပန်းမှုတွေ ရှိနေတဲ့ အတွက် နေရပ်စွန်ခွာထွက်ပြေးနေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ရဲ့ နိုင်ငံအလိုက် ဆောင်ရွက်နေတဲ့အစီအစဉ်အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ “လက်ရှိအခြေအနေတွင် ကိုဗစ်-19 ကပ်ရောဂါအပြင်မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်း…

ကန်နီရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတို့တိုက်ခိုက်ခံရတစ်ဦးသေဆုံးအများအပြား ဒဏ်ရာရ

မြိုင် – စက်တင်ဘာ(၃) မကွေးတိုင်းမြို့မြို့နယ် ကန်နီရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ(၂) ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yesagyo Revolution Group ကပြောပါတယ်။ တိုက်ပွဲမှာ အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး ကျေးရွာ မျှော်စင်ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။…