September 2022

စစ်မှုထမ်းဟောင်းတွေကို လစာပေးပြီး ရှေ့တန်းပို့ဖို့ စစ်ကောင်စီ စည်းရုံးနေ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) တိုက်ပွဲတွေမှာ တပ်အင်အား ပိုမို ဆုံးရှုံးလာတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို လစာထပ်ပေးပြီး ရှေ့တန်းပို့ဆောင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတော်လှန်စစ်စတင်ကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကြေညာပြီးနောက် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်။…

KNU သထုံခရိုင်မှာ ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

သထုံ၊ စက်တင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီ BGF စစ်ဆေးရေးဂိတ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KUN သထုံခရိုင်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄…

အာဏာသိမ်းပြီးနောက် မသန်စွမ်း အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးသွား

မော်လမြိုင်၊ စက်တင်ဘာ (၂၉) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း မသန်စွမ်း အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးသွားပြီးဖြစ်သလို ကျန်းမာရေးနဲ့ စားဝတ်နေရေးကအစ အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ မသန်စွမ်းသူတွေနဲ့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နဂိုရှိပြီးသား အခွင့်အရေးတွေ ဖြစ်တဲ့ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ…

စစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဘုရားသုံးဆူ၊ စက်တင်ဘာ (၂၉) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ စစ်ကောင်စီ ဘုရားတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KUN ပြောခွင့်ရက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ အဲဒီစစ်ကောင်စီ ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံရေးလုပ်စားတာမဟုတ်ဘဲ နိုင်ငံအရေးလုပ်နေတာလို့ဆို

နေပြည်တော် – စက်တင်ဘာ(၂၈) ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးလုပ်စားနေတာမဟုတ်ဘဲ နိုင်ငံအရေးလုပ်နေတာသာဖြစ်တယ်လို့ ပြောဆို ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးမှာ SME ကဏ္ဍနဲ့ ပတ်သက်ပြီး ပြောဆိုချိန်မှာ အခုလိုထည့်သွင်းပြောဆို ခဲ့တာပါ။ “နိုင်ငံရေးနဲ့ ပတ်သက်၍လည်း မိမိတို့ဟာ နိုင်ငံရေးလုပ်စားခြင်းမဟုတ်ဘဲ…

ရခိုင် မောင်တော မြောက်ပိုင်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်

မောင်တော၊ စက်တင်ဘာ ၂၈ မောင်တောမြောက်ပိုင်းမှာရှိတဲ့ ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်မှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဒေသခံတွေက အထူးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ကြိမ်ချောင်းကျေးရွာ အနီးဝန်းကျင်ဟာ စက်တင်ဘာ ၂၄ရက်နေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇) က လက်နက်ကြီးတွေကို အကြောင်းမဲ့ပစ်ခတ်ကာ အင်အားပြခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့ အတွက် ကြိမ်ချောင်းကျေးရွာနဲ့ သတင်းအဆက်အသွယ်တွေ ပြတ်တောက်နေပြီး စစ်ကြောင်း အခြေအနေအနေတွေကို…

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူနှစ်သောင်းကျော် အခက်အခဲဖြစ်နေရ

ပခုက္ကူ – စက်တင်ဘာ(၂၈) မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ ကျေးရွာ (၁၅) ရွာက စစ်ဘေးရှောင် (၂)သောင်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနဲ့ ကပစ(၂၂) လက်နက်စက်ရုံကြားက သံပုရာပင်၊ဆားလောင့်၊ အနောက်ကမ်းဖြူ၊ဘဲကျဲ၊ကျားပေ၊ကျားကွဲ၊ညောင်ဂွေးဝကျေးရွာတွေနဲ့ ယောချာင်းတစ်ဖက် ကမ်း ပခုက္ကူမြို့နယ်က စိုင်းဖြူ၊ရှားဒူးရွာ၊တောင်ပါးလူ၊အရှေ့ကမ်းဖြူ၊ဥယျာဉ်စု၊ဒဲ့ပြား၊ စညောင်၊မြစ်ဖျားလေးတိုင်စတဲ့ ကျေးရွာ(၁၅) ရွာကို စစ်ကောင်စီက…

ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ထောင်(၂) နှစ်ထပ်ချခံရ

ရန်ကုန် – စက်တင်ဘာ(၂၈) ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီနေ့ စက်တင်ဘာလ(၂၈) ရက်နေ့မှာထောင်ဒဏ်(၂) နှစ်ထပ်မံအမိန့်ချလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။ ကိုဝေယံဖြိုးမိုးကို ၂၀၂၁ ခုနှစ်မတ်လ(၃) ရက်နေ့မှာ GSC ပူးပေါင်းသပိတ်စစ်ကြောင်းကို အာဏာ သိမ်း စစ်ကောင်စီကအကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရချိန်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။…

အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေဖွင့်ချခဲ့တဲ့ စနိုးဒန်ကို ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

မော်စကို – စက်တင်ဘာ(၂၈) အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း စနိုးဒန်ဟာအမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ လျှို့ဝှက်ထောက်လှမ်းနေတဲ့ အခြေအနေတွေကိုဖော်ထုတ်ခဲ့ပြီးနောက် ကိုးနှစ်အကြာ မှာ သမ္မတဗလာဒီမာပူတင်က သူ့ကို ရုရှားနိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ စနိုးဒန်ဟာ အမေရိကန် ပြည်ထောင်စုက ထွက်ပြေးပြီးနောက် NSA လုပ်ဆောင်နေတဲ့ ပြည်တွင်း နဲ့ နိုင်ငံတကာ ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို ထုတ်ဖော်တဲ့ လျှို့ဝှက်ချက်ဖိုင်တွေပေါက် ကြားခဲ့ပြီးနောက် ၂၀၁၃…