September 2022

ပေါင်မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်ငါးဦးအဖမ်းခံထားရ

ပေါင် – စက်တင်ဘာ(၅) မွန်ပြည်နယ်ပေါင်မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ဒေသခံလူငယ်(၅) ဦးကို စက်တင်ဘာလ(၄) ရက်နေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညနေပိုင်းက ရဲစခန်းအပေါ်ဘက်ခြမ်း တောင်ပေါ်ကနေ အဖွဲ့တစ်ခုက (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြို့မရဲစခန်း နဲံ ထွေအုပ်ရုံးကြား ပေါက်ကွဲခဲ့ပြီး…

စက်တင်ဘာလအတွင်းကိုဗစ်လူနာသုံးရာကျော်တွေ့ရှိပြီး (၂) ဦးသေဆုံးထား

မော်လမြိုင် – စက်တင်ဘာ(၅) မြန်မာနိုင်ငံမှာ စက်တင်ဘာလ(၁) ရက်နေ့ကနေ(၄) ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာသစ် (၃၃၈) ဦးတွေ့ရှိခဲ့ပြီး အဲ့ဒီထဲက (၂) ဦးသေဆုံးထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ ထားပါတယ်။ ကိုဗစ်တွေ့ရှိခဲ့တဲ့ လူနာတွေထဲမှာ အများစုက ပြည်တွင်းမှာ ကူးစက်ခံထားရသူတွေဖြစ်ပြီး အဲ့ဒီထဲက (၂၀) ဦးကတော့ ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုထားတာပါ။ စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာလဲ ကိုဗစ်ပိုးတွေ့ရှိတာတွေ…

လက်နက်မဲ့ အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်တဲ့ စစ်တပ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

စစ်တွေ – စက်တင်ဘာ(၄) အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေဟာ လက်နက်မရှိတဲ့ အရပ်သား ပြည်သူတွေကိုသာ တိုက်ခိုက်ရဲတာကြောင့် သူရဲဘောကြောင်သူတွေဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် က ပြောဆိုလိုက်ပါ တယ်။ ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် အခုလို ရေးသားခဲ့တာပါ။ “မြောက်ဦးက လက်နက်မဲ့ အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေ မြောက်ဦး စစ်ဆေင်ရေးကို…

ကုလသမဂ္ဂရုံးရှေ့မှာ “UN Prove Your Exsitence for Justice” ဆိုတဲ့ စာသားနဲ့ ဆန္ဒပြ

ရန်ကုန် – စက်တင်ဘာ(၄) ဒီနေ့ စက်တင်ဘာလ(၄) ရက်နေ့မှာ ရန်ကုန်တော်လှန်လူငယ်တွေက မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ဖို့ အတွက် ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ “UN Prove Your Exsitence for Justice” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

ဖျာပုံမြို့အနီးမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ရိုဟင်ဂျာလူမျိုးတွေ စီးနင်းလာတဲ့ စက်လှေမှ (၇) ဦးသေဆုံး

ဖျာပုံ – စက်တင်ဘာ(၄) မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာလူမျိုး ၆၅ဦး ပါဝင်တဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီဖက်မှ ဖမ်းဆီး ခဲ့ပြီး အဲဒီအထဲမှာ အစာရေစာပြတ်လပ်မှုနဲ့ လမ်းခရီးအခြေအနေဆိုးဝါးမှုတွေကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ ကနေ စက်တင်ဘာလ (၂)ရက်နေ့က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖျာပုံမြို့အနီးပါ အဲဒီလှေငယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ Global New Light of…

ဘန်ကောက်မှာ တက္ကစီမီတာ နှုန်းထားများ တိုးမြှင့်တော့မယ်

ဘန်ကောက် – စက်တင်ဘာ (၄) ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာရှိတဲ့ တက္ကစီအော်ပရေတာများကို ရှစ်နှစ်ကြော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက္ကစီမီတာ နှုန်း ထားများကို တိုးမြှင့်ခွင့်ပြုလိုက်တယ်လို့ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဆိုရာပွန် ပါတိုဖုန်က ပြောကြားခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်းက ဘန်ကောက်မှာရှိတဲ့ တက္ကစီယာဉ်မောင်းတွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ စီးပွားရေးကျပ်တည်း မှုများရင်ဆိုင်ခဲ့ရပြီး ၂၀၁၄ခုနှစ်မှ စတင်ကာ သူတို့ရဲ့…

သီရိလင်္ကာဖြုတ်ချခံသမ္မတ ပြန်ရောက်ရှိချိန်အစိုးရက နေအိမ်နဲ့ လုံခြုံရေးစီစဉ်ပေး

ကိုလံဘို – စက်တင်ဘာ(၄) နိုင်ငံစီးပွားရေးမငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံ သမ္မတ ဂိုဘာဘာယာ ရာဂျာပက်ဆာ နိုင်ငံကို ပြန်လည်ရောက် ရှိလာချိန်မှာ အစိုးရက တရားဝင်နေထိုင်ခွင့်နဲ့ လုံခြုံရေးစီစဉ်ပေးထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ စီးပွားရေးကျဆင်းမှုတွေနဲ့အတူ ကြီးမားတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့ အစောပိုင်းက စစ်တပ်အစောင့်အရှောက်နဲ့ နိုင်ငံက…

TLT Tv||- နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာ

TLT Tv||- နိုင်ငံတဝန်းမှာ အာဏာသိမ်းမှုကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာ နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် တစ်သန်းခွဲ နီးပါးထိ တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ ISP-Myanmar ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ…

ထားဝယ်မှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံး

ထားဝယ်၊ စက်တင်ဘာ (၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပခမ်ကျေးရွာအနီးကို ခြေလျင်အပြင် ယာဉ်တန်းတွေနဲ့ စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို…

ဒေါ်လာကယက်ကြောင့် မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ဆက်လက် မြင့်တက်လာ

မော်လမြိုင်၊ စက်တင်ဘာ (၄) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ပြည်တွင်းမှာ ပဲလက်ကျန် နည်းပါးလာတာကြောင့် မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ ပဲ၊နှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက တစ်တင်း ကျပ် ၅၅၀၀၀ သာရှိခဲ့တဲ့ မတ်ပဲဟာ စက်တင်ဘာ လဆန်းပိုင်းမှာ တစ်တင်း ကျပ်…