September 2022

ပေါင်မြို့မရဲစခန်း တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ် ၅ ဦး ဖမ်းဆီးခံရ

ပေါင်၊ စက်တင်ဘာ ၆ မွန်ပြည်နယ်၊ ပေါင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို (၄၀)မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လူငယ် ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ပေါင်မြို့ ဆုတောင်ပြည့်ဘုရားကုန်းတောင်းပေါ်ကနေ အမည်မသိအဖွဲ့ တစ်ခုက မြို့မရဲစခန်းကို (၄၀) မမတာဝေးပစ်ဗုံးအမျိုးအစားနဲ့…

ရခိုင်ပြည်နယ်ထဲက တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော် ထပ်တိုးလာ

စစ်တွေ၊ စက်တင်ဘာ ၆ ရခိုင်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁၆၀၀၀ ကျော် ထပ်တိုးလာပြီး သူတို့အတွက် လူသားချင်စာနားထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် ရသေ့တောင်၊မြောက်ဦးနဲ့မောင်တောမြို့နယ် အပါအဝင်…

စစ်အာဏာသိမ်း ရက် (၅၈၂) အတွင်း သတ်ဖြတ်ခံရသူ ၂၂၆၅ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၆ AAPP ၏ စက်တင်ဘာလ (၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၂)အတွင်း ပြည်သူ (၂၂၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၃၅၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၉) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

တနင်္သာရီ လယ်သစ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ထားဝယ်၊ စက်တင်ဘာ ၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီနဲ့ပျူးစောထီအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လယ်သစ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပျူးစောထီပူးပေါင်းတပ်ဖွဲ့နဲ့ တနင်္သာရီပြောက်ကျားတပ်ဖွဲ့အပါအဝင် မြိတ်ခရိုင်…

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေ

မြဝတီ၊ စက်တင်ဘာ ၆မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရှားပါးလာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်တွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေဟာ နေ့စဉ်ဆိုသလိုရှိနေပြီး တချို့ကတော့ လွတ်မြောက်ခဲ့တာတွေရှိသလို တချို့ကတော့ ထိုင်းအာဏာပိုင်တွေရဲ့…

သင်တန်းဆင်းပြီး ပြန်လာတဲ့ ရေးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို KNLA ပူးပေါင်းအဖွဲ့ ဖမ်းဆီး

ရေး၊ စက်တင်ဘာ ၆ သင်တန်းဆင်းပြီး ပြန်လာတဲ့ ရေးမြို့နယ် အခြေစိုက်တပ်တွေက ဒုအရာခံဗိုလ် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရေးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က သင်တန်းဆင်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈…

ဗဟိုဘဏ်ဥက္ကဌရဲ့ မီဒီယာကြောင့်ဒေါ်လာစျေးတက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိ ဘူးလို့ တုံ့ပြန်

မော်လမြိုင် – စက်တင်ဘာ(၅) နိုင်ငံခြားငွေလဲနှုန်းမြင့်တက်လာရတာဟာ မီဒီယာတွေကြောင့်ဖြစ်ရတာလို့ စစ်ကောင်စီ ဗဟို ဘဏ်ဥက္ကဌရဲ့ ပြောဆိုမှုဟာ အဘက်ဘက်ကယိုယွင်းလာတဲ့ နိုင်ငံစီးပွားရေးအခြေအနေကို မထိန်းနိုင်လို့အကြောင်းပြချက်ရှာတာဖြစ်တယ်လို့ ဝါရင့်မီဒီယာသမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၃၁) ရက်နေ့က တစ်ဒေါ်လာကို ကျပ်ငွေ(၄၅၀၀) နဲ့ အခေါက်ရွှေတစ်ကျပ် သားကို (၃၈) သိန်းအထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ဥက္ကဌကဒေါ်သန်းသန်းဆွေ က စွပ်စွဲပြောဆိုခဲ့တာပါ။ “မီဒီယာကြောင့် ဒေါ်လာဈေးတက်တယ်ဆိတာ လွဲမှားတဲ့…

အမျိုးသမီးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက် လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ

ပခုက္ကူ – စက်တင်ဘာ(၅) မကွေးတိုင်း ပခုက္ကူမြို့နယ် ကတံတားမှာကင်းစောင့်နေတဲ့ စစ်သား(၇) ဦးကို အမျိုးသမီးရဲဘော် အပါအဝင် မြို့ပြပြောက်ကျားတပ်ွဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး အများအပြား တယ်လို့ ပခုက္ကူမြို့ပ ပြောက်ကျားတပ်ဖွဲ့-တပ်ဖွဲ့(၂)က သံလွင်တိုင်းမ်ကိုပြောပါတယ်။ တံတားမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အမျိုးသမီးရဲဘော်တစ်ဦးနဲ့ အမျိုးသား ရဲဘော်နှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ “အဓိကကတော့လက်နက်အင်အားမလုံလောက်လို့၊လက်နက်ဝယ်ဖို့ကလည်းငွေရေးကြေးရေးအဆင်မပြေတော့လို့ မတတ်နိုင်တော့လို့ဒီမစ်ရှင်ကိုလုပ်ခဲ့တာခင်ဗျ။ တစ်လကျော်လောက်ပြင်ဆင်ခဲ့ရ တယ်။ သွားကြည့်တယ်…

ကရင်နီက တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးသေ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ

ဒီမော့ဆို – စက်တင်ဘာ(၅) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နဲ့ (KNDF) တပ်ရင်း(၁၀)B/10 တို့က စက်တင်ဘာလ(၄) ရက်နေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲဟာ (၄) နာရီလောက်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားတာပါ။ တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်သားတွေရဲ့…