September 2022

KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် ကျေးရွာတွေထဲ လက်နက်ကြီး ပစ်မယ်လို့ BGF တပ် ခြိမ်းခြောက်

ဘားအံ၊ စက်တင်ဘာ (၈) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတင်းမပေးရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ BGF တပ်က ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ပြောပါတယ်။ ဘားအံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀၁၄) BGF တပ်ရင်းက KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ…

ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့် မွန်ပြည်နယ် ကွမ်းသီးဈေးကွက်မှာ ဝယ်ယူစုဆောင်းသူ ပိုများလာ

ရေး၊ စက်တင်ဘာ (၈) ကျပ်ငွေဈေးနှုန်း မတည်မငြိမ်မှုတွေနဲ့အတူ တန်ဖိုးဆက်တိုက်ကျဆင်းနေတာကြောင့် ကျပ်ငွေအစား ဒေသထွက် ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းသူတွေ များပြားလာပြီး ဈေးနှုန်းလည်း မြင့်တက်လာနေတယ်လို့ မွန်ပြည်နယ် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာငွေတန်းဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်သည်အများစု ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းလာကြသလို ငွေဈေးနှုန်းအပေါ်မူတည်ပြီး ပြန်လည်ထုတ်ရောင်းနေကြတာပါ။ “မြန်မာငွေကျလာတော့ ဝယ်လှောင်ကြတာ၊ ဝယ်လှောင်ကြပြီး ထုတ်မရောင်းကြတော့…

ကျွန်းစုမြို့နယ်မှာ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မော်လမြိုင်၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ တိုက်ခိုက်ခံရတာ‌ကြောင့် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ တနင်္သာရီပြောက်ကျားအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ မနက် ၅နာရီခွဲအချိန်‌‌လောက်မှာ ပဲ့တိုင်ကျေးရွာက ပျူစောထီးအဖွဲ့တွေ စုစည်းနေထိုင်တဲ့…

ပေါင်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

ပေါင်၊ စက်တင်ဘာ (၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၆ ရက် ည ၈ နာရီလောက်က ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း လမ်းထိပ်မှာ လုံခြုံရေးကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို…

အင်ဒိုနီးရှားမှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူပေါင်းထောင်ချီ ဆန္ဒပြ

ဂျာကာတာ၊ စက်တင်ဘာ (၇) အရှေ့တောင်အာရှရဲ့ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံစီးပွားရေးမှာ လောင်စာဆီဈေးနှုန်း ၃၀ရာခိုင်နှုန်းကျော် မြင့်တက်ရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးရေးအတွက် အစိုးရကို ဖိအားပေးဖို့ လူပေါင်းထောင်ချီပြီး ဆန္ဒပြပွဲများကို မြို့တော်ဂျာ ကာတာမှာ ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ လောင်စာဆီဈေးတက်ခြင်းဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်စေပြီး ဒီလိုဆန္ဒပြမှုတွေ ကြောင့် တစ်ခါတရံမှာ အစိုးရရဲ့ မူဝါဒတွေကို ပြန်လည်ပြောင်းလဲရန်…

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနား ကန်ဒေါ်လာ ၁၂ သန်းကျော် ကုန်ကျမယ်

တိုကျို ၊ စက်တင်ဘာ (၇) ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံအဆင့် ဈာပနအခမ်းအနားအတွက် လုံခြုံရေးအစီအမံနဲ့ ဧည့်ခံစားရိတ်တွေ အပါ အဝင် ယန်း ၁.၆၅ ဘီလီယံ ၊ (အမေရိကန်ဒေါ်လာ ၁၂ သန်း)ခန့် ကုန်ကျနိုင်မှာဖြစ်တယ်လို့ ဂျပန်အစိုးရက စက်တင်ဘာလ ၆ ရက်နေ့မှာ ခန့်မှန်းချက်အသစ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာတော့ အစိုးရက ဈာပနအတွက်…

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော

ထိုင်ဝမ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တရုတ်စစ်ရေးလေ့ကျင့်မှုကြောင့် တိုးမြင့်လာတယ်လို့ သမ္မတ ပြော တိုင်ပေ – စက်တင်ဘာ(၇) ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ တရုတ်တပ်ဖွဲ့တွေရဲ့စစ်ရေးလေ့ကျင့်မှုတွေ ကြောင့် တိုးမြင့်လာတဲ့အတွက် ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ သမ္မတ ဆိုင်အင်ဝမ်က စက်တင်ဘာလ(၆) ရက်နေ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ တိုင်ပေခရီးစဉ်အပြီးမှာ တရုတ်ကစစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်ခဲ့ကာ သူတို့ရဲ့ ပိုင်နက်အဖြစ် အခိုင်အမာ…

လာမယ့်နှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

မော်လမြိုင် – စက်တင်ဘာ(၇) လာမယ်၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးနေပြီး ရန်သူကို အချိန်ပေးလို့ မရတော့တဲ့ အတွက် တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ဒီနေ့စက်တင်ဘာလ(၇) ရက်နေ့မှာ D Day တစ်နှစ်ပြည့်အဖြစ်PDF ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။ “တော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ…

ပြည်သူ့ခုခံ‌တော်လှန်စစ် တစ်နှစ်အတွင်း စစ်အုပ်စုဘက်က ၂၀,၀၀၀ ကျော် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁၅၀၀ ကျဆုံးခဲ့တယ်လို့ NUG ယာယီသမ္မတ ပြော

ရန်ကုန် ၊ စက်တင်ဘာ ၇ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်အုပ်စုကို လှဲနေလှေအောင်း မြင်းဇောင်းမကျန် လက်နက်ကိုင် ခုခံတော်လှန်ခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ စစ်ကောင်စီတပ်သားပေါင်း ၂၀၁၅၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၀၀၀ နီးပါး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ…