September 2022

စစ်အာဏာသိမ်း ရက် (၅၈၉) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၃ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၃) AAPP ၏ စက်တင်ဘာလ (၁၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၉)အတွင်း ပြည်သူ (၂၂၇၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၄၈၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

စစ်တပ်နဲ့ပူးပေါင်းဖို့ စစ်ကောင်စီလက်အောက်ခံဌာနတွေက မွန်ပြည်နယ်အတွင်း စည်းရုံးရေးဆင်းနေ

မော်လမြိုင်၊ စက်တင်ဘာ (၁၃) မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်အသီးသီးက ဝန်ထမ်းတွေပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေးမယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့ အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းဖို အပါအဝင် နယ်မြေသတင်းတွေ ပေးဖို့ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာ (၂၁)ဌာနက ဝန်ထမ်းအကြီးအကဲတွေ ပါဝင်တဲ့အဖွဲ့က ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊…

လေးကေကော်မြို့သစ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေ

မြဝတီ၊ စက်တင်ဘာ (၁၃) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်မှာ နယ်မြေကျူးကျော်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းကစပြီး လေးကေကော်မြို့သစ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၁)လုံခြုံရေးတာဝန်ယူထားတဲ့ ရပ်ကွက်(၆)မှာ…

ထားဝယ်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ် ရိုက်နက်ညှဉ်းပန်းနှိပ်စက်နေ

ထားဝယ်၊ စက်တင်ဘာ (၁၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောနယ် တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ရိုက်နက်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြန်လည် လွတ်မြောက်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ထားဝယ်အရှေ့တောနယ် ဘဝပင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲမှာ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အမျိုးသမီးနဲ့ကလေးငယ်သူတွေ အပါအဝင်…

ရီးရဲလ်မက်ဒရစ်အသင်းဟာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေ

မော်လမြိုင်၊ စက်တင်ဘာလ (၁၂) ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကို အနားပေးခဲ့ပေမယ့် အဓိက အများစုနဲ့ မာယော့ကာအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်အသင်းဟာ မာယော့ကာအသင်းရဲ့ ဖိအာပေးမှုတွေကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာ…

ပေါက်ကာကွယ်ရေးတပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံတာတွေရှိနေ

ပေါက် – စက်တင်ဘာ(၁၂) မကွေးတိုင်း ပခုက္ကူခရိုင်မှာ အထိုင်ချထားတဲ့ ပေါက်တပ်ရင်း(၄)၊တပ်ခွဲ(၁) သိန်းငှက်ပျောက်ကြား တပ်ဖွဲ့ရဲ့ အမည်ကို သုံးပြီး ပြည်သူတွေဆီက လိမ်လည်အလှူခံတာတွေရှိနေတဲ့အတွက် သတိထား ပြီးလှူကြဖို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လိမ်လည်သူတွေဟာ သိန်းငှက်ပျောက်ကြား PAUK အမည်နဲ့ Facebook စာမျက်နှာ ဖွင့်လှစ်ကာ လိမ်လည်အလှူခံနေတာကြောင့် မှားယွင်းလှူဒါန်းပြီး ငွေကြေးဆုံးရှုံးတာတွေဖြစ်မှာ စိုးရိမ်လို့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်လို့…

စစ်ကောင်စီတပ်က လူသတ်ဓားပြတိုက်တဲ့ လက်မရွံ့လူသတ်ဂိုဏ်းအဆင့်ဖြစ်နေပြီလို့ NUG ဆို

မော်လမြိုင် – စက်တင်ဘာ(၁၁) စစ်ကောင်စီတပ်တွေဟာ စိတ်ဓာတ်၊စည်းကမ်း၊ကျင့်ဝတ်ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းမရှိတော့ သလို အပြစ်မဲ့ ပြည်သူတွေကို ရန်ရှာ၊မီးရှို့သတ်ဖြတ်ဖို့သာတက်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြ ဂိုဏ်းအဆင့်ကို လျှော့ကျသွားပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးရုံးထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၁) ရက်နေ့မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့သားကောင်းများကို ပေးပို့​တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုပြောဆိုထားတာပါ။ “စစ်​ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်း လည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊…

ပြည်သူတွေရဲ့လုံခြုံရေးအတွက် ထီးလင်းမှာကာကွယ်ရေးတပ်တွေက စစ်ဆေးရေးဂိတ်ဖွင့်လှစ်

ထီးလင်း – စက်တင်ဘာ(၁၁) စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းလမ်းကြောင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် ထီးလင်းမြို့နယ်မှာ နယ်မြေစိုးမိုးထားတဲ့ YDF-Htilin က စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ထဲက စစ်ဆေးရေးဂိတ်(၄) ဂိတ်နဲ့ စတင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “ပထမတစ်ခုက ပြည်သူကိုလုံခြုံမှုပေးဖို့၊ ဒုတိယအချက်ကတော့ စစ်ကောင်စီထုတ်ကုန် ပစ္စည်း တွေကိုကြပ်မတ်နိုင်ဖို့ပေါ့။ တတိယတချက်ကကျတော့…

ထိုင်း စက်ရုံပိုင်ရှင်ကို မြန်မာတွေ တရားစွဲဖို့ စီစဉ်

မဲဆောက်၊ စက်တင်ဘာ ၁၁ ထိုင်း အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ဟာ မတရား အလုပ်ထုတ်ခံရတာကြောင့် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီစက်ရုံဟာ ထိုင်းနိုင်ငံ၊ အုန်းရိုင်ခရိုင်မှာ ရှိနေတာဖြစ်ပြီး နစ်နာကြေး မပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တာပါ။ စက်ရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်…