September 2022

မန္တလေးစျေးချိုတော်မှာ သံဃသမဂ္ဂရဟန်းတော် တစ်ကိုယ်တော်ဆန္ဒပြ

မန္တလေး – စက်တင်ဘာ(၁၃) ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိဖို့နဲ့ စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ဖို့အတွက် မန္တလေးမြို့ အထင်ကရ စျေးချိုတော်မှာ အစစ်အဆေးအဖမ်းဆီးတွေကြားက သံဃသမဂ္ဂရဟန်းတော်တစ်ပါးဟာ “ UN Prove Your Exsitence for Justice” ဆိုတဲ့ စာသားကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ

သရက်ချောင်းမှာ စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

ထားဝယ်၊ စက်တင်ဘာ (၁၃) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကျေးရွာ၊ ထားဝယ်- သရက်ချောင်းလမ်းမအပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ ရပ်တန့်စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန် ဆိုင်ကယ်နဲ့ မောင်းနှင်းလာတဲ့ ရငဲကျေးရွာနေ အသက်…

မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေ ထပ်မံဝင်ရောက်တယ်လို့ ပြည်နယ် စစ်ကောင်စီ ပြော

မော်လမြိုင်၊ စက်တင်ဘာ (၁၃) စစ်တပ်အာဏာသိမ်းပြီးနောက် အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးလုပ်ငန်းအများစု ရပ်နားလာတာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ထွက်ခွာနေပေမယ့် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တွေ ထပ်မံဝင်ရောက်တယ်လို့ ပြည်နယ် စစ်ကောင်စီက ပြောပါတယ်။ အာဏာသိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်း နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး စတဲ့ ကဏ္ဍတွေ ပျက်စီးယိုးယွင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ကို…