September 2022

အမေရိကန်အထက်လွှတ်တော်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးဖို့ စတင်

ဝါရှင်တန် – စက်တင်ဘာ(၁၆) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန် ထိုင်ဝမ်ကို အထောက်အပံ့တွေ တိုးမြင့်ပေးဖို့အတွက် တရားဝင်ဆက်ဆံရေးကို မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စတင်လိုက်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ လက်နက်ရောင်းချခဲ့ပေမယ့် အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေသစ်ဟာ လေးနှစ်အတွင်းလုံခြုံရေးအကူအညီ ဒေါ်လာ(၄.၅) ဘီလျံ ကို…

နယူးဇီလန်မှာ ခရီးဆောင်အိတ်အတွင်း ကလေးငယ်အလောင်းများ တွေ့ရှိ

ဝယ်လင်တန် – စက်တင်ဘာ(၁၆) နယူးဇီလန်နိုင်ငံက ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ အလောင်းတွေပါတဲ့ ခရီးဆောင်အိတ်ကို ဝယ်မိခဲ့ရာကစပြီး ကလေးတွေရဲ့ မိခင် ဖြစ်သူလို့ ယူဆရတဲ့ အမျိုးသမီးကို လူသတ်မှုစွဲချက်နဲ့ တောင်ကိုရီးယားမှာ ဖမ်းမိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာ ကြာသာပတေးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လဲ တောင်ကိုရီးယားအရာရှိက CNN ကို ပြောဆိုထားပြီး နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဆီကနေ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆို…

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က မွန်ပြည်သစ်ပါတီထံ အိတ်ဖွင့်စာပို့

မော်လမြိုင် ၊ စက်တင်ဘာ ၁၆ စစ်ကောင်စီပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့က အိတ်ဖွင့်စာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။ အိတ်ဖွင့်ပေးစာအရ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကို…

KNU ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မ မောင်းထုတ်နေ

မော်လမြိုင်၊ စက်တင်ဘာ (၁၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထဲမှာ စစ်ကောင်စီ တပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မမောင်းထုတ်၊ ခြိမ်းခြောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ထား ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က KNU တပ်မဟာ(၃) ၊ မုန်းမြို့နယ် နိုကူကျေးရွာရှိ ပြည်သူတွေကို စစ်ကောင်စီတပ်က ကျေးရွာထဲမှာ မနေထိုင်ဖို့…

သိမ်ဇရပ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ (၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါဒက်ကွင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီ သိမ်ဇရပ် ခမရ(၂၀၇) တပ်ရင်းကနေ ဝါဒက်ကွက် ကျေးရွာထဲကို လက်နက်ကြီး…

စစ်အာဏာရှင် ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် လူတိုင်းအားလုံး ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာလ (၁၆) စစ်တပ် အာဏာသိမ်းမှုကြောင့် အပြီးပိုင် ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် လူတိုင်းအားလုံး ပူးပေါင်းပါဝင်ပေးဖို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လူတိုင်းအားလုံးရဲ့ လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်…

စစ်အာဏာသိမ်း ရက် (၅၉၂) အတွင်း သတ်ဖြတ်ခံရသူ ၂၂၇၆ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၆) AAPP ၏ စက်တင်ဘာလ (၁၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၂)အတွင်း ပြည်သူ (၂၂၇၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၄၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် CDM တွေလည်း စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

ရန်ကုန် ၊ စက်တင်ဘာ ၁၆ စစ်တပ် အာဏာသိမ်းတဲ့ ၁၉ လတာကာလအတွင်း စားသောက်ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာသလို ချွေတာ စားသောက်နေရတဲ့အတွက် ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM ဝန်ထမ်းတွေဟာ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ပုံမှန်လစာငွေ မရှိတာတဲ့အတွက်…

ပေါင်မြို့နယ်မှာ ပြည်သူ့စစ်တွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ် အဖမ်းအဆီးကြမ်းနေ

ပေါင်၊ စက်တင်ဘာ (၁၆) မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် မြို့အနှံ့ လုံခြုံရေးတင်းကျပ်ထားသလို ဒေသခံပြည်သူတချို့ကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင် နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့မှာ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး…

ထားဝယ် မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း စစ်ဆေးခဲ့

ထားဝယ်၊ စက်တင်ဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊မောင်မယ်ရှောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရှာဖွေ စစ်ဆေးတာနဲ့ အရပ်သားတွေအပေါ် ရိုက်နက်နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။…