စစ်ကောင်စီဟာ စစ်ရေးနိုင်ငံရေးအဖက်ဖက်မှာ ကျဆုံးနေပြီး အရူးမီးဝိုင်းဖြစ်နေပြီလို့ AA ပြောဆို
စစ်တွေ – စက်တင်ဘာ(၁၇) နိုင်ငံအတွင်း စစ်ရေး၊နိုင်ငံရေးအဖက်ဖက်မှာ ကျဆုံးနေပြီး အရူးမီး ဝိုင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံနယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ပြီး ဂျက်တိုက် လေယာဉ်တွေ၊လက်နက်ကြီးတွေသုံးပြီး မဆင်မခြင်ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေ တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီလိုစစ်ကောင်စီရဲ့ မဆင်မခြင်ရမ်းသမ်းပစ်ခတ်နေမှုတွေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ နေထိုင်သူတွေဟာ ဒုက္ခရောက်နေကြရတယ်လို့ဆိုထားတာပါ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း စစ်ကောင်စီတပ်ဟာ ရက္ခိုင့်-ဘင်္ဂလား…