စစ်တပ်အုပ်စိုးနေတဲ့ ပြင်ဦးလွင်မှာ ငါးလောင်ပြိုင်လူသတ်မှုဖြစ်ခဲ့
ပြင်ဦးလွင် – စက်တင်ဘာ(၁၈) ပြင်ဦးလွင်မြို့မှာ ကလေးငယ်တစ်ဦးအပါအဝင် (၅) လောင်းပြိုင်လူသတ်မှု ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြင်ဦးလွင်အနီးစခန်းနားစည်ကားရွာက ကြက်ခြံမှာဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသား (၂)ဦး၊ အမျိုးသမီး(၂) ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ဆီကို နေ့လည်(၁၂) နာရီမှာ ဆက်သွယ်လာလို့ သွားသယ်တာပါ…