September 2022

ကမ္ဘောဇ ဘဏ်တွေနဲ့ ကေပေးစင်တာကို စစ်ကောင်စီရဲ့ အဓိကဒေါက်တိုင် အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်ဟုဆို

ပုသိမ်၊ စက်တင်ဘာ (၂၂) ပုသိမ်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီကို အပြည့်အဝထောက်ခံတဲ့ ကမ္ဘောဇဘဏ်တွေကို စစ်ကောင်စီရဲ့ အဓိက ဒေါက်တိုင် အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ကာ ဘဏ်လုံခြုံရေးတွေ ခုခံရင်လည်း ဒလန်အဖြစ်သတ်မှတ်ပြီး လုပ်စရာရှိတာ လုပ်မယ်လို့ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကမ္ဘောဇဘဏ်ဟာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေပြီး စစ်ကောင်စီကို အပြည့် အဝထောက်ခံတဲ့…

မားကို့စ်ခေတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်တော့မှ မမေ့ဖို့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေတိုက်တွန်း

မနီလာ – စက်တင်ဘာ (၂၂) စစ်အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ် လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ၂၁ရက်နေ့မှာ ကတိပြုခဲ့ကြပါတယ်။ မားကို့စ်ဟာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကို ပြဋ္ဌာန်းပြီးနောက် ပြိုင်ဘက်တွေ၊ ဝေဖန်သူတွေနဲ့ အတိုက်အခံတွေအားလုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နှိမ်နင်းခဲ့ပြီးတဲ့နောက်မှာ ထောင်နှင့်ချီတဲ့…

ကုလလုံခြုံရေးကောင်စီ ပြန်ဖွဲ့စည်းသင့်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါပြော

တိုကျို – စက်တင်ဘာ (၂၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြန်လည်ဖွဲ့စည်းဖို့ ပြောသင့်နေပြီလို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ကုလ အထွေထွေညီ လာခံမှာ မိန့်ခွန်းပြောစဉ်အတွင်း ထည့်သွင်း ပြောပါတယ်။ ကီရှီဒါက နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင်တွေကြား အဲဒီမိန့်ခွန်းကို ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂဆိုတာ ကမ္ဘာကြီးအစီအစဉ်တကျရှိအောင် ဆောင်ရွက်ရတာဖြစ်ပေမယ့် ယူကရိန်းသို့ ရုရှားကျူးကျော်မှုက အဲဒီလို အစီအစဉ်တကျဖြစ်စေတဲ့ အခြေခံအုတ်မြစ်ကို…

ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်ပြီးခြံစည်းရိုးခွထိုင်နေတဲ့ နိုင်ငံတွေ နိုးထဖို့ လိုပြီလို့ ပြင်သစ် သမ္မတဆို

ပါရီ – စက်တင်ဘာ(၂၂) ပြင်သစ်သမ္မတ အီမန်နျူအယ်မာကွန်ဟာ ရုရှားကို ကိုယ့်တဘို့သာကြည့်တဲ့ မှုကို အခြေခံပြီး ခေတ်သစ်ကျူးကျော်နယ်ချဲ့တာကို စွပ်စွဲပြောဆိုခဲ့ပြီး ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက် လို့ ကြားနေနိုင်ငံတွေအနေနဲ့ တိတ်ဆိတ်နေတာကို ရပ်တန့်ဖို့ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောတဲ့မိန့်ခွန်းမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ပိုင်းခြားတာနဲ့ ကိုလိုနီစနစ်ကိုပြန်လည်ထူထောင်တာ ဖြစ်တယ်လို့ သူက…

ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းမှာ ဆက်ကစားလိုတယ်လို့ စီရော်နယ်လ်ဒို ပြော

မော်လမြိုင်၊ စက်တင်ဘာ ( ၂၂) လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားတဲ့ အသက် ၃၇ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းနဲ့ ဆက်လက်ကစားလိုတယ်လို့ အတည်ပြုပြောဆိုလိုက်တာပါ။ စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ နိုင်ငံအသင်း သွင်းဂိုးအများဆံးုစံချိန်တင် အထူးဂုဏ်ပြုဆုကို ရယူပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။ စီရော်နယ်လ်ဒိုကတော့ လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းအတွက်…

စစ်တပ်က ပြည်သူပိုင်အိမ်တွေမီးရှို့လို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

ပခုက္ကူ – စက်တင်ဘာ(၂၂) မကွေးတိုင်း ပခုက္ကူမြို့က ဂဝံလေးတိုင်ရွာကို စစ်ကောင်စီတပ်သားတွေက ဒီနေ့ မနက်အစော ပိုင်းက စစ်ကြောင်းထိုးပြီး ပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးနေလို့ ဒေသခံ(၁) ထောင်ကျော် ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ စစ်ကောင်စီတပ်က ပေါက်နဲ့ဆိပ်ဖြူဘက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီးကာကွယ်ရေးတပ် ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ယောချောင်းအတိုင်းရွာစဉ်လှည့်ပြီး စာသင်ကျောင်းပါမကျန် ဖျက်ဆီးလာတာဖြစ်တဲ့အတွက် ပြည်သူတွေထွက်ပြေးနေရတာပါ။ ” ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့…

မွန်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် နေအိမ် ၈၀ ကျော် ချိပ်ပိတ်ခံထားရ

မော်လမြိုင်၊ စက်တင်ဘာ (၂၂) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့နေအိမ်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ နေအိမ်တွေအပါအဝင် ဒေသခံ နေအိမ်ပေါင်း ၈၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေကတော့ သထုံခရိုင်မှာ နေအိမ် အလုံး ၄၀ ကျော်၊ မော်လမြိုင်ခရိုင်မှာ…

ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပြန်မဖွင့်နိုင်တာကြောင့် ကုန်သည်အများစု လုပ်ငန်းရပ်နားလာရ

ထားဝယ်၊ စက်တင်ဘာ (၂၂) စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ၄ လကျော်ကြာ ပိတ်သိမ်းထားတဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်း ပြန်မဖွင့်နိုင်သေးတာကြောင့် ကုန်သည်အများစု လုပ်ငန်းရပ်နားလာရသလို ကုန်သွယ်မှုကလည်း လုံးဝရပ်တန့်သွားပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခု ဖြစ်တဲ့ ထားဝယ်-ထီးခီးကုန်သွယ်ရေးစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ တဖက်သတ်…

စစ်အာဏာသိမ်း ရက် (၅၉၈) အတွင်း သတ်ဖြတ်ခံရသူ ၂၃၀၃ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၂) AAPP ၏ စက်တင်ဘာလ (၂၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၈)အတွင်း ပြည်သူ (၂၃၀၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၉၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၄) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…