September 2022

စစ်အာဏာသိမ်း ရက် (၅၉၉) အတွင်း သတ်ဖြတ်ခံရသူ ၂၃၁၁ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၃) AAPP ၏ စက်တင်ဘာလ (၂၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၉)အတွင်း ပြည်သူ (၂၃၁၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၉၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၄) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ တပ်ရိက္ခာတွေ လာချပေးနေ

ညောင်လေးပင်ခရိုင်၊ စက်တင်ဘာ (၂၃) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်တာတွေ၊ ရိက္ခာချပေးတာတွေပြုလုပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေအတွက် တောင်ငူလေတပ်စခန်းကနေ ရဟတ်ယာဉ်နှစ်စင်းနဲ့…

နိုင်ငံတဝန်းမှာ သုံးလအတွင်း အဆုံးစီရင်သူ ၃၀ နီးပါးထိ ရှိလာ

ရန်ကုန်၊ စက်တင်ဘာ (၂၃) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ် ဇူလိုင်ကနေ စက်တင်ဘာ တတိယအပတ်ထိ သုံးလတာကာလအတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်သူ ၃၀ နီးပါးထိ ရှိလာတယ်လို့ သံလွင်းတိုင်မ်းက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသူတွေဟာ စစ်တပ် အာဏာသိမ်ပြီးနောက် စားဝတ်နေရေး အကြပ်အတည်းလာတာ၊ ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာတာ ၊ စစ်ကောင်စီရဲ့…

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကျိုက်ထို၊ စက်တင်ဘာ (၂၃) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာ၊ ချောစုဆီဆိုင်အနီးမှာ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်က စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်ဆုံး ၂ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၄…

မိုလ်ဘိုင်းငွေကြေး အကောင့်တွေ အပိတ်ခံရပြီးနောက် KBZ Pay အပေါ် လူထု ယုံကြည်မှု ကျဆင်းလာ

ရန်ကုန်၊ စက်တင်ဘာ (၂၃) မိုလ်ဘိုင်းငွေပေးချေမှုတစ်ခုဖြစ်တဲ့ KBZ Pay အသုံးပြုသူတွေရဲ့အကောင့်တွေ အခုရက်ပိုင်းအတွင်း အပိတ်ခံရတာတွေ ရှိနေတာကြောင့် သုံးစွဲသူတွေဟာ အကောင့်ထဲမှာ ပိုက်ဆံမထားရဲတော့တဲ့အထိ ယုံကြည်မှု ကျဆင်းလာပြီး ငွေသားအဖြစ် ပြောင်းထုတ်လာကြတယ်လို့ KBZ Pay အသုံးပြုသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး ပြည်တွင်းရှိ KBZ Pay အကောင့်…

ဘီးလင်းမြို့နယ်က စစ်ကောင်စီ သံတံတားဂိတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဘီးလင်း၊ စက်တင်ဘာ (၂၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီး သံတံတားထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းဟာ စက် တင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ် ရေး PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်…

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကလေးငယ် (၃၅၀) သေဆုံး ထား

မော်လမြိုင် – စက်တင်ဘာ(၂၂) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာအပြင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ကလေးငယ် (၃၅၀) လောက် သေဆုံးထားပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ကလေးငယ်တွေလည်းရှိနေတယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက် ခဲ့မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာပါ။…

မြဝတီ-ဝေါ်လေတိုက်ပွဲမှာ စစ်ကောာင်စီတပ်ဖွဲ့ဝင် ၇ ဦး ထပ်သေ

မြဝတီ၊ စက်တင်ဘာ ၂၂ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊မြဝတီ-ဝေါ်လေလမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီးမှာ စက်တင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ မြဝတီ-ဝေါ်လေလမ်းပိုင်းကို ကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှု…

မြိတ်ခရိုင်မှာ လုံခြုံရေး ပိုမိုတင်းကျပ်လာ

မြိတ်၊ စက်တင်ဘာ၊ ၂၂ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံပြီးနောက် မြို့အနှံ့မှာ လုံခြုံရေးပိုမိုတင်းကျပ်ထားတာကြောင့် ပြည်သူတွေ သွား‌ရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်လေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရတာနဲ့ မိုင်းဆွဲခံရတဲ့ဖြစ်စဉ်တွေ ဒီလထဲမှာ မကြာခဏ ဖြစ်နေတာပါ။ အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အများပြားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့်…

စေတုတ္တရာမြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့လက်ချက်နဲ့ စစ်ကောင်စီ ငါးဦးထက်မနည်းသေဆုံး

စေတုတ္တရာ – စက်တင်ဘာ(၂၂) မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်ကောင်စီဘက်က (၅) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Chin Defence Force -Kanpetlet က သတင်းထုတ်ပြန်ထားပါတယ်။ စေတုတ္တရာနယ်စပ်နဲ့ ချင်းပြည်နယ်အစပ် အပေါရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ CDF Kanpetlet က သတင်းထုတ်ပြန်ထားတာပါ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲက အလောင်းသုံးလောင်းကို…