မော်စကို – စက်တင်ဘာ(၂၈)

အမေရိကန် ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း စနိုးဒန်ဟာအမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ရဲ့ လျှို့ဝှက်ထောက်လှမ်းနေတဲ့ အခြေအနေတွေကိုဖော်ထုတ်ခဲ့ပြီးနောက် ကိုးနှစ်အကြာ မှာ သမ္မတဗလာဒီမာပူတင်က သူ့ကို ရုရှားနိုင်ငံသားအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။ 

စနိုးဒန်ဟာ အမေရိကန် ပြည်ထောင်စုက ထွက်ပြေးပြီးနောက် NSA လုပ်ဆောင်နေတဲ့ ပြည်တွင်း နဲ့ နိုင်ငံတကာ ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို ထုတ်ဖော်တဲ့ လျှို့ဝှက်ချက်ဖိုင်တွေပေါက် ကြားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်က ရုရှားမှာ ခိုလှုံနေခဲ့တာပါ။ 

သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးဖို့ အာဏာပိုင်တွေက သူ့ကို အမေရိကန်ကို ပြန်ပို့ဖို့ နှစ်အတော်ကြာတောင်းဆိုထားပေမယ့် နိုင်ငံခြားမှာ မွေးဖွားသူ (၇၂) ဦးကို နိုင်ငံသားဖြစ်ခွင့် ပေးအပ်တဲ့ ပူတင်ရဲ့ အမိန့်မှာ စနိုးဒန်ရဲ့ နာမည်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

စနိုးဒန်ဟာ နောက်ပိုင်းမှာ သူ့ရဲ့ မိသားစုကို အတူတကွရှိနေဖို့နဲ့ လုံခြုံဲရေးအတွက် သီးသန့်ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ ၂၀၂၀ ခုနှစ်နိုဝင်ဘာလက ရေးသားခဲ့တဲ့ တွစ်တာပိုစ့်ကို ပြန်လည်မွမ်းမံထား တဲ့စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ 

“နှစ်နှစ်စောင့်ဆိုင်းပြီး ဆယ်နှစ်နီးပါး ပြည်နှင်ဒဏ်ခံရပြီးနောက် တည်ငြိမ်လာမှုအနည်းငယ်က ကျွန်တော့်မိသားစုအတွက် အပြောင်းအလဲတစ်ခု ဖြစ်စေမှာပါ။ သူတို့အတွက် သီးသန့် ဖြစ်ပါ စေလို့ ကျွန်တော် ဆုတောင်းပါတယ်၊ ကျွန်တော်တို့အားလုံးအတွက်ပါ။” လို့ စနိုးဒန်က ပြောပါ တယ်။ 

တွစ်တာစာမျက်နှာမှာ အသစ်တင်ထားတဲ့ ရုရှားခေါင်းဆောင်ရဲ့ အမိန့်ကို ရည်ညွှန်းထားတာမရှိ ပေမယ့် စနိုးဒန်နဲ့ သူ့ရဲ့ မိသားစုဟာ အမေရိကန်-ရုရှား နိုင်ငံသားအတွက် လျှောက်ထားနေရတုန်း ပဲဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါသေးတယ်။ 

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး လူထုစည်းရုံးမှုကို သမ္မတပူတင်က ကြေညာပြီး (၅) ရက်အကြာမှာ ယူကရိန်းကျူးကျော်မှုကို ရပ်တန့်ခဲ့တယ်လို့ သိပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က စနိုးဒန်ဟာ အမေရိကန်နိုင်ငံ သားအဖြစ်ကနေ ပြောင်းလဲသွားတာကို သတိမထားမိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

“သူရဲ့အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးခံရနိုင်တဲ့ ပတ်သက်တာကိုတော့ ရင်းနှီးပါတယ်။ ဒါကို စွန့်လွှတ်လိုက်တာကို ကျွန်တော်မသိပါဘူး” လို့ပရိုက်စ်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ရုရှားဟာ စနိုးဒန်ကို ၂၀၂၀ ခုနှစ်မှာ အမြဲတမ်းနေထိုင်ခွင့်ပေးခဲ့ပြီး ရုရှားနိုင်ငံသားဖြစ်ခွင့်ရရှိဖို့ လမ်းဖွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

စနိုးဒန် ဖော်ထုတ်ခဲ့တဲ့ အစီအစဉ်ဟာ ဥပဒေနဲ့ မညီဘူးဆိုတာ အမေရိကန် အယူခံတရားရုံးတစ်ခု ကတွေ့ရှိခဲ့ပြီး သူ့ကို လူသိရှင်ကြားခုခံကာကွယ်တဲ့ထောက်လှမ်းရေးခေါင်းဆောင်တွေဟာလည်း 

အမှတ်တရားကို မထုတ်ဖော်ခဲ့ကြဘူးလို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.