ရွှေပြည်သာ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၂၀) ရပ်ကွက်၊ စက်မှုလမ်းနှင့် မကွေးလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်မှူး ရုံး ကို မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ YUGA ( MO_7 Eagle ) အဖွဲ့က လက်ပစ်ဗုံးနဲ့ စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အလိုကျ ပြည်သူကို နိုင်ထက်စီးနင်း ပြုလုပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် တွေကို အမြန်ဆုံး CDM ဝင်ကြဖို့ ပြောကြားထားပြီး ပြည်သူကို ဆက်လက်ဒုက္ခပေး နေပါက ထပ်မံတိုက်ခိုက်သွားမယ်လို့ YUGA ( MO_7 Eagle ) အဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပြီး စက်တင်ဘာ ၂၆ရက် ညက မစ်ရှင်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဘေးကင်းကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်မှာ လက်လုပ်ဗုံးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်မှာ ကျရောက်ပေါက် ကွဲခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်းလည်းသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.