အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ့်စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်း ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာ (၂၆)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ ပြည်ထောင်စုသတင်းစုံ, shwe pyi taw, htay lwin,shwe sakarllစတဲ့ လူမှုစာမျက်နှာတွေနဲ့ အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

“Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ့် စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်း၊ ရခိုင်ပြည်နယ်အား ၎င်းတို့နိုင်ငံအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း” ဆိုတဲ့ ခေါင်းစဥ်နှင့်အတူ ဓာတ်ပုံတွေနှင့် ရေးသား ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကတော့

https://bit.ly/3dEnavT

https://bit.ly/3Re9nJW

https://bit.ly/3fp2eJS

https://bit.ly/3ReuVX3

ဒီအကြောင်းအရာကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာတော့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီအကောင့်တုတွေ ဖြန့်ဝေနေတဲ့ Bangladesh Military Affairs ဆိုတဲ့ Facebook Page ဟာလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ Page အစစ်မဟုတ်ပါဘူး။

ဒီသတင်းအချက်အလက်နဲ့ပက်သက်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာအစစ်မှာ ဖော်ပြထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့လူမှုကွန်ရက်စာမျက်နှာ လင့်

https://bit.ly/3SaIoQQ

ဒါ့အပြင် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခရဲ့ တယ်လီဂရမ်အကောင့်မှာလည်း သတင်းထုတ်ပြန်ထားခြင်း မရှိတာကို တွေ့ရပါတယ်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခရဲ့ တယ်လီဂရမ်အကောင့်လင့်

https://t.me/khaingthukha/75

ဒါ့အပြင် “AA နဲ့ မြန်မာစစ်တပ်တို့ တိုက်နေတဲ့ကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်ခြင်း မရှိဘူး” လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ကြည်းတပ် ဗိုလ်ချုပ်ကြီး အက်စ်အမ် ရှာဖီအူဒင် အာမက်က ပြောကြားထားတာကို Irrawaddy သတင်းဌာနက စက်တင်ဘာ၂၂ရက်ကဖော်ပြထားတာကို တွေ့ရပါတယ်။

Irrawaddy သတင်းဌာန ရဲ့ ဖော်ပြချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3SF0uKN

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “Arakan Army(AA) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ့် စစ်တပ်တွင် ထည့်သွင်းဖွဲ့စည်း”ဆိုတဲ့ သတင်းဟာ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းတုတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.