လေးကေကော် – စက်တင်ဘာ(၂၅)

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ တောင်နီကျေးရွာအနီးက တောင်ကုန်း တစ်ခုပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃) ဦးစနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

တပ်မ(၄၄) လက်အောက်ခံ ခမရ (၁၀၄) ကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာ စစ်ကြောင်းရဲ့ တပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါစစ်သည်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုထား ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ(၂၀) ရက်နေ့က (၂) ဦး၊ (၂၁) ရက်နေ့က (၅)ဦး၊(၂၂) ရက်နေ့က (၂) ဦးနဲ့ (၂၃) ရက်နေ့က (၂) ဦးဟာ ကော်ဘရာစစ်သည်တော်တွေရဲ့ စနိုက်ပါလက်ချက်နဲသေဆုံးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရတယ်ဆိုပြီး ကော်ဘရာ စစ်ကြောင်းက ဆိုထားပါတယ်။

ကော်ဘရာစစ်ကြောင်းရဲ့ လက်ချက်ကြောင်း စစ်ကောင်စီတပ်သားတွေဟာ (၅) ရက်အတွင်း (၁၄) ဦးသေဆုံးထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်းခြေမှုန်းရေး အမျိုးသမီး စစ်သည်တစ်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.