မော်လမြိုင်၊ စက်တင်ဘာ (၂၄)

အင်္ဂလန်အသင်းဟာ ဒီကနေ့ မနက်ပိုင်းကစားခဲ့တဲ့ UEFA Nations လိဂ်(A) အဆင့်ပြိုင်ပွဲမှာ အီတလီအသင်းကို အရေးနိမ့်ပြီးနောက် UEFA Nations လိဂ်(B) အဆင့်ကို တန်းဆင်းလိုက်ရတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ဟာ ဒီပွဲအနိုင်ရဖို့ ဟာရီကိန်း၊စတာလင်၊ ဖိုဒန် အပါအဝင် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး အီတလီအသင်းကလည်း ဘိုနူစီ ၊ ဂျော်ဂျင်ဟို အပါအဝင် ကစားအစုံအလင်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

ဒီပွဲမှာတော့ အင်္ဂလန်အသင်းဟာ အီတလီအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ တစ်ဂိုး ဂိုး မရှိ ရလဒ်နဲ့ အရှုံးပေးလိုက်ရတာပါ။

အီတလီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၈ မိနစ်မှာ နာပိုလီ တိုက်စစ်ကစားသမား ရာစပါဒိုရီက သွင်းယူပေးခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် UEFA Nations လိဂ်ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးတန်းဆင်းရတဲ့ ဥရောပထိပ်တန်းအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

UEFA Nations လိဂ်ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ဥရောပဘောလုံးအသင်းတွေကို အဆင့် ၄ ဆင့်ခွဲပြီး ပြိုင်ပွဲ ကျင်းပနေတာ ဖြစ်ပါတယ်။

UEFA Nations လိဂ်(A) အဆင့်ပြိုင်ပွဲရဲ့ ချန်ပီယံဆုတွေကိုတော့ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတို့က ဆွတ်ခူးရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.