တိုကျို – စက်တင်ဘာ(၂၃)

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ဂျပန်အစိုးရက မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့တဲ့အတွက် ဂျပန်ရောက် (၈၈) ကျောင်းသားဟောင်းတစ်ဦးက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်ခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလ(၂၇) ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော်ဈာပနအခမ်းအနားမှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန္ဒပြပွဲမှာ သတင်းယူနေရင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန်ရုပ်သံဂျာနယ်လစ် ကန်ဂျီနာဂါအီသေဆုံးတဲ့ (၁၅) နှစ်ပြည့် နှစ်ပတ်လည် နေ့ နဲ့လည်း တိုက်ဆိုင်နေတာပါ။

ဂျပန်အစိုးရ ဖိတ်ကြားထားတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတဲ့အတွက် တိုကျိုမှာ အခြေချနေထိုင်တဲ့ RIT ကျောင်းသားဟောင်း ဦးဝင်းကျော်(၅၇) နှစ်က ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုက်ရိုက်ကန့်ကွက်ထားတာဖြစ်ပါတယ်။

ဦးဝင်းကျော်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပြီး အားလပ်ချိန်တိုင်းမှာ စစ်အာဏာရှင်တွေကို အရေးယူနိုင်ရေး အတွက် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အထောက် အထားတွေစုပြီး ကုလသမဂ္ဂကို ပေးပို့နေသူဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်ရုပ်သံသတင်းထောက် ကန်ဂျနာဂါအီ သတ်ဖြတ်ခံရချိန်တုန်းကလည်း ဦးဝင်းကျော်ဟာ နာဂါအီရဲ့ အသုဘအခမ်းအနားကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ မိဘတွေကို ဦးညွှတ်ဂါရဝ ပြုခဲ့ တယ်လို့ သိရပါတယ်။

“ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဘေး အသုဘအတွက် မြန်မာနိုင်ငံကို ဖိတ်ခေါ် ထား တာဟာမလုပ်သင့်တဲ့ ကိစ္စဖြစ် တယ်” လို့ ဦးဝင်းကျော်က ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖိတ်ခေါ်တာဟာ ဒီမိုကရေစီ ကာကွယ်ရေးမူနဲ့ ဆန့်ကျင်နေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဝန်ကြီးချုပ်ဟောင်း အာဘေးလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပြီး သူဟာ မြန်မာနိုင်ငံကို အကူအညီအများအပြားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ (၈၈) လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းကျော်ဟာ သူ့ရဲ့ သူငယ်ချင်း တွေကို စစ်တပ်က သတ်ဖြတ်နေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး နောက်မှာတော့ သူ့ရဲ့ အသက်အန္တ ရာယ်အတွက် ၁၉၈၉ ခုနှစ်မှာ ဂျပန်နိုင်ငံကို ထွက်ပြေးလာသူဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာမှုတွေကနေ ဒီမိုကရေစီစနစ်ပြန်လည်တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၁) ရက်နေ့က ဂျပန်အမျိုးသားစစ်သင်တန်းကျောင်းနဲ့ ကာကွယ်ရေး ဌာနတွေမှာ မြန်မာစစ်တပ်က အရာရှိတွေခေါ်ယူသင်တန်းပေးတာကို ပြုလုပ်တော့မှာမဟုတ်ဘူး လို့ တရားဝင်ပြောဆိုထားပါတယ်။

Ref:The Mainihi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.