ဘန်ကောက် – စက်တင်ဘာ(၂၄) 

ထိုင်းနိုင်ငံက Hermes 900 မောင်းသူမဲ့ လေယာဉ် (UAV) တွေကို ဘတ်(၄) ဘီလျံ အကုန်အကျခံ ပြီး အစ္စရေးကာကွယ်ရေးကုမ္ပဏီတစ်ခုဆီကဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ထိုင်း တော်ဝင်ရေတပ်(RTN) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

အဲ့ဒီမောင်းသူမဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံရဲ့ ရေပိုင်နက်နဲ့ သင်္ဘောလမ်းကြောင်းတွေကို ကာကွယ် ဖို့အတွက် ထိုင်းပင်လယ်ပြင်မှာ ကင်းလှည့်သွားမှာဖြစ်ပြီး ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်ချိန်မှာလည်း ကူညီပေးမှာဖြစ်တယ်လို့ တော်ဝင်ရေတပ်က ပြောခဲ့တာပါ။ 

Hermes 900 မောင်းသူမဲ့လေယာဉ်တွေဟာ ပင်လယ်ပြင်မှာ တရားမဝင်သွားလာလှုပ်ရှားမှုတွေ ကိုတားဆီးနှိမ်နင်းဖို့ ကူညီပေးမှာဖြစ်ပြီး ပစ်မှတ်တွေကို တိကျစွာ တိုက်ခိုက်နိုင်တဲ့ လက်နက် စနစ်ပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။ 

အစ္စရေးကာကွယ်ရေးအီလက်ထရွန်နစ်ကုမ္ပဏီ  Elbit Systems Ltd ဆီကနေ ဘတ်ငွေ (၄) ဘီလျံ နဲ့ ဒရုန်းတွေဝယ်ယူဖို့ ရေတပ်က သဘောတူညီမှုပြုလုပ်ခဲ့ပြီး အဲ့ဒီသဘောတူညီချက်မှာ မောင်းသူမဲ့ လေယာဉ်ဘယ်လောက်ဝယ်မယ်ဆိုတာ ပြောဆိုထားတာမရှိပေမယ့် ၂၀၂၅ ခုနှစ် အထိ UAV တွေ ဝယ်ယူဖို့ ဘတ်ဂျက်ခွဲဝေချထားတယ်လို့ သိရပါတယ်။ 

ထိုင်းတော်ဝင်ရေတပ် စစ်ဦးစီးချုပ်က ကုမ္ပဏီရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ စျေးကွက်ရှာ ဖွေရေးဒါရိုက်တာ နယ်ဆယ်နဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း တော်ဝင်ရေတပ်ဟာ Elbit Systems Ltd ကုမ္ပဏီကနေ ၄၅၀ UAVs တွေဖြစ်တဲ့ ပုံစံတူ လေယာဉ်တွေကို ဝယ်ယူခဲ့ဖူးပါသေးတယ်။ 

မောင်းသူမဲ့လေယာဉ်တွေဟာ ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားသူတွေကို ရှာဖွေဖို့ ကူညီပေးပြီး ရေတပ်က ကယ်ဆယ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကမ္ဘာလှည့် ခရီးသည်နှစ်ဦးဟာ လှိုင်းထန်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင် ခဲ့ရပြီး ရာရောင်းပြည်နယ်ကမ်းလွန်ပင်လယ်ပြင်ကို မျောပါသွားခဲ့ပြီး အဲ့ဒီထဲက တစ်ဦးသေဆုံး သွား ကာကျန်တစ်ဦးကတော့ တစ်ညလုံး အလောင်းကို တွယ်ကပ်နေခဲ့တဲ့အတွက် နောက်တစ် ရက် မနက်ပိုင်းမှာ ဖြတ်သန်းသွားတဲ့ ငါးဖမ်းလှေက ကယ်ဆယ်နိုင်ခဲ့တာပါ။ 

ထိုင်းတော်ဝင်ရေတပ်က ဝယ်ယူထားတဲ့ Hermes 900 ဒရုန်းဟာ အမြင့်ပေ (၃၆၀၀၀) အထိ (၃၆) နာရီကျော်ကိုဘယ်လိုရာသီဥတုအခြေအနေမျိုးမှာမဆို ပျံသန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ ဒရုန်းတွေကို အစ္စရေ၊ချီလီ၊မက္ကဆီကို၊ကိုလံဘီယာ၊ဆွစ်ဇာလန်၊ဖိလစ်ပိုင်၊ ကနေဒါ၊ဂရိ၊အိုက်စ်လန်၊ဘရာဇီးနဲ့ စင်္ကာပူနိုင်ငံတွေမှာ အသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.