ရန်ကုန် – စက်တင်ဘာ(၂၄)

စစ်ကောင်စီအငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သူ့သားမက်အငြိမ်းစားဗိုလ်ကြီး ရဲတေဇ တို့ကို ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ Inya Urban Force နဲ့ ပူးပေါင်းအဖွဲ့က ဒီနေ့ စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ(၃) နာရီမှာ ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်(၁၂) ရပ်ကွက် သဘာဝရိပ်ငြိမ်လမ်းက သူတို့ရဲ့ နေအိမ်မှာ ပစ်ခတ်လိုက် တာဖြစ်ပြီး နှစ်ဦးလုံးနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ။သေဆုံးသွားတဲ့ ဗိုလ်ချုပ်အုန်းသွင်ဆိုသူဟာ DSA စစ်တက္ကသိုလ်အပတ်စဉ်(၁၅) ကျောင်းဆင်း ဖြစ်ပြီး စစ်ကောင်စီဒုတိယခေါင်းဆောင် ရဲ့ ဆရာရင်းဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခု ကဖော်ပြထားပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းခဲ့ချိန်မှာလည်း ဂုဏ်ပြုတာတွေလုပ်ထားသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းက အာဏာသိမ်းစရာမလိုဘဲ ထိန်းလို့ ရတယ်ဆိုတဲ့ စာတမ်း ရေးပြီး စစ်ခေါင်းဆောင်တွေကို ပေးပို့ ဖူးတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်ဟာ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်၊ဘင်္ဂလားဒေရှ့်သံ အမတ်၊မော်လ်ဒိုက်သံအမတ်နဲ့ တောင်အာဖရိကနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူဖူး သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

မသေဆုံးခင်အထိ စစ်တပ်ထောက်တိုင်အဖွဲ့ဖြစ်တဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ နာယကအဖွဲ့ဝင် နဲ့ စစ်တပ်ကာကွယ်ရေးတက္ကသိုလ် National Defence Collage (NDC) မှာ သင်တန်းပို့ချသူ အနေနဲ့ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

Inya Urban Force အဖွဲ့ရဲ့ ပစ်ခတ်ရှင်းလင်းမှုကြောင့် အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့အတူ သူ့ရဲ့ သမီးငယ်ရဲ့ အမျိုးသားဖြစ်သူ အငြိမ်းစားဗိုလ်ကြီး ရဲတေဇ တို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသ တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.