ဆိုးလ် ၊ စက်တင်ဘာ (၂၄)

မြောက်ကိုရီးယားကို သတိပေးတဲ့ သတင်းစကားပါးတဲ့ အနေနဲ့  လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘောဟာ အင်အားပြသဖို့ တောင်ကိုရီးယားသို့ စက်တင်ဘာ ၂၃ရက်နေ့မှာ  ရောက်ရှိခဲ့ပါတယ်။

USS Ronald Reagan နဲ့ အတူ သူ့ရဲ့တွဲဘက် တိုက်ခိုက်ရေးအဖွဲ့မှ သင်္ဘောတွေဟာ တောင်ကိုရီးယားတပ်ဖွဲ့များနဲ့  ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ဘူဆန်ရှိ တောင်ပိုင်းဆိပ်ကမ်းမြို့ ရေတပ်စခန်းတစ်ခုမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။ 

ဒီလိုလာရောက်ခဲ့တာဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့အတွက် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတွေကို ပိုမိုလုပ်ဆောင်ဖို့နဲ့  ကြီးမားတဲ့ တပ်ဖြန့်မှုတစ်ခုလည်း ဖြစ်နေတာပါ။

တိုက်ခိုက်ရေးအဖွဲ့မှ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ်ကတော့ ဒီခရီးစဉ်ဟာ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ဖို့ နဲ့ ရေတပ်များကြား အပြန်အလှန် လည်ပတ်နိုင်မှုကို မြှင့်တင်ဖို့  ရည်ရွယ်တာဖြစ်တယ်လို့ သတင်းထောက်တွေကို  ပြောခဲ့ပါတယ်။ 

ဒါဟာ မြောက်ကိုရီးယားကို အချက်ပြတာလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့ အခါမှာတော့ “ကျွန်တော်တို့ သံတမန်တွေကို သတင်းစကားပါးနေပါတယ်” လို့ပြောကြားခဲ့ပြီး  ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ  မဟာမိတ်တွေဟာ ခြိမ်းခြောက်မှုအားလုံးကို တုံ့ပြန်မှာတော့ အသေချာပါပဲလို့ ဖြည့်စွက်ဖြေကြားခဲ့ပါတယ်။ 

“နည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို လေ့ကျင့်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုပါပဲ” ဟု မိုက်ကယ် ဒွန်နယ်လီက ဆက်လက် ပြောခဲ့တာပါ။ 

တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ် ဟာ မြောက်ကိုရီးယားရဲ့ ယခုနှစ်အတွင်း စံချိန်တင် ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့မှုနောက်မှာ သတိပေးတဲ့အနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ အခြားသော စစ်ရေးအင်အား ပြသမှုတွေကို လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားဟာ ယခင်က အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုပြုလုပ်တယ်ဆိုပြီး ဝါရှင်တန်နှင့် ဆိုးလ်တို့ရဲ့ ရန်လိုတဲ့ မူဝါဒများကို ရှုတ်ချတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန်ဘက်ကတော့ ဒီခရီးစဉ်ဟာ ပြုံယမ်းကို ဟန့်တားဖို့နဲ့ ဒေသတွင်းလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်ကျင့်သုံးဖို့နဲ့ သူတို့ရဲ့ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း သရုပ်ပြခြင်းဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်း ပတ်က ပြောကြားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက  လာမယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပေမယ့်လည်း  သင်္ဘောဟာ ဆိပ်ကမ်းမှာ ရက်ပေါင်းများစွာ ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.