ဆီးရီးယား၊ စက်တင်ဘာ (၂၄) 

ဆီးရီးယား ဒုက္ခသည်တွေ စီးနင်းလာတဲ့  လှေငယ်တစ်စင်းဟာ ဆီးရီးယားကမ်းလွန်မှာ နစ်မြှုပ်သွားခဲ့ပြီး လိုက်ပါလာသူ အနည်းဆုံး ၃၄ ဦးသေဆုံးခဲ့ပါတယ်။

ဆီးရီးယားတောင်ပိုင်းက မြို့တော်တားတက်စ်ရှိ ဆေးရုံမှာ အသက်ရှင်ကျန်ရစ်သူ ၂၀ ဦးကို ဆေးကုသပေးနေတယ်လို့ ကျန်းမာ ရေးဝန်ကြီးဌာနက ပြောပါတယ်။

အသက်ရှစ်ကျန်ရစ်သူတွေနဲ့  အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေအရ အဲဒီလှေဟာ လက်ဘနွန်ဆိပ်ကမ်းမြို့  ထရီပိုလီအနီးရှိ မင်န်ရာကနေ လူဦးရေ  ၁၅၀ ခန့်ကို သယ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို  စိန်ခေါ်မှုများတဲ့ အခြေအနေအကြားကနေ  ဆောင်ရွက်ခဲ့ရတယ်လို့လည်း ကယ်ဆယ်ရေး အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဆီရီးယား မတ်ဒီတာရီယန် ကမ်းခြေမှာရှိတဲ့ တားတက်စ်မြို့ဟာ လက်ဘနွန်ဆိပ်ကမ်းမြို့  ထရီပိုလီ နဲ့ မိုင် ၃၀ ခန့် ဝေးကွာတာပါ။

UNHCRရဲ့  ပြောကြားချက်အရ လက်ဘနွန်ဟာ ဆီးရီးယားဒုက္ခသည် ၁.၅ မီလီယမ်နဲ့ အခြားသော နိုင်ငံတွေက လူဦးရေ ၁၄၀၀၀ နီးပါးကို လက်ခံထားရှိတယ်လို့ သိရပါတယ်။  လက်ဘနွန်ဟာ  ကမ္ဘာပေါ်မှာ  ဒုက္ခသည်ဦးရေ အများဆုံးလက်ခံပေး ထားတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့်လည်း  Covid-19 နဲ့ ၂၀၂၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့  ဘေရွတ် ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် ပြင်းထန်တဲ့  စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး လူဦးရေရဲ့  ၈၀ ရာခိုင်နှုန်း ကျော်ဟာ စားနပ်ရိက္ခာနှင့် ဆေးဝါးတွေရရှိဖို့ ရုန်းကန်နေရ တာပါ။

အဲဒီအခြေအနေတွေဟာ ဥရောပလိုနိုင်ငံတွေဖြစ်တဲ့ ပြည်ပကို တိမ်းရှောင်ထွက်ပြေးလိုတဲ့ ရွှေ့ပြောင်းလိုသူတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ယခုလ အစောပိုင်းမှာလည်း ရွှေ့ပြောင်းအခြေချနေထိုင်သူတွေလိုက်ပါလာပြီး လက်ဘနွန်မှ ဥရောပကို သွား‌တဲ့ လှေတစ်စင်း ဟာ   တူရကီ ကမ်းလွန်မှာ  နစ်မြုပ်ခဲ့ကာ ကလေးငယ်တွေအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပါတယ်။ သက်ဆိုင်ရာ နိုင်ငံ  ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့  ပြောကြားချက်အရ ရွှေ့ပြောင်းအခြေချလိုသူ ၇၃ ဦးကို လှေ ၄ စင်းအသုံးပြုကာ ကယ်ဆယ်ခဲ့ရ တာလည်း ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.