September 24, 2022

အနာခံမှ အသာစံရမည့် အခွင့်အရေးမို့ ကိုယ်တိုင်တိုက်ယူမယ်

မော်လမြိုင် ၊ စက်တင်ဘာ (၂၅) အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှု၊ မတရားသတ်ဖြတ်မှု၊ ဖိနှိပ်မှု၊ ဥပဒေမဲ့ အနိုင်ကျင့်မှုများသည် ပြည်သူများကို လမ်းမပေါ် ကြွေးကြော်ဆန္ဒပြပွဲမှသည် လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲအထိ ပါဝင်လာရန် တွန်းပို့ခဲ့ပေသည်။ စစ်အာဏာသိမ်းမှုနှင့်အတူ ဆုံးရှုံးခဲ့ရသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြန်လည်ရရှိရန် လက်နက်ကိုင်တော်လှန်နေသူထဲ၌ အမျိုးသားနည်းတူ အမျိုးသမီးနှင့် LGBT (Lesbian, Gay, Bisexual…

အငြိမ်းစားဗိုလ်ချုပ်နဲ့ သူ့သားမက်အငြိမ်းစားဗိုလ်ကြီး ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ပစ်ခတ်ရှင်း လင်း

ရန်ကုန် – စက်တင်ဘာ(၂၄) စစ်ကောင်စီအငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သူ့သားမက်အငြိမ်းစားဗိုလ်ကြီး ရဲတေဇ တို့ကို ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ Inya Urban Force နဲ့ ပူးပေါင်းအဖွဲ့က ဒီနေ့ စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ(၃) နာရီမှာ ပစ်ခတ်ရှင်းလင်းလိုက်ပါတယ်။ ရန်ကုန်မြို့ လှိုင်မြို့နယ်(၁၂) ရပ်ကွက် သဘာဝရိပ်ငြိမ်လမ်းက သူတို့ရဲ့ နေအိမ်မှာ ပစ်ခတ်လိုက် တာဖြစ်ပြီး နှစ်ဦးလုံးနေရာမှာပဲ…

UEFA Nations လိဂ်ပြိုင်မှာ အင်္ဂလန်အသင်း တန်းဆင်းခဲ့ရ

မော်လမြိုင်၊ စက်တင်ဘာ (၂၄) အင်္ဂလန်အသင်းဟာ ဒီကနေ့ မနက်ပိုင်းကစားခဲ့တဲ့ UEFA Nations လိဂ်(A) အဆင့်ပြိုင်ပွဲမှာ အီတလီအသင်းကို အရေးနိမ့်ပြီးနောက် UEFA Nations လိဂ်(B) အဆင့်ကို တန်းဆင်းလိုက်ရတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ဟာ ဒီပွဲအနိုင်ရဖို့ ဟာရီကိန်း၊စတာလင်၊ ဖိုဒန် အပါအဝင် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး…

မြောက်ကိုရီးယားကို သတိပေးမှုအဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ရောက်ရှိ

ဆိုးလ် ၊ စက်တင်ဘာ (၂၄) မြောက်ကိုရီးယားကို သတိပေးတဲ့ သတင်းစကားပါးတဲ့ အနေနဲ့ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘောဟာ အင်အားပြသဖို့ တောင်ကိုရီးယားသို့ စက်တင်ဘာ ၂၃ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ USS Ronald Reagan နဲ့ အတူ သူ့ရဲ့တွဲဘက် တိုက်ခိုက်ရေးအဖွဲ့မှ သင်္ဘောတွေဟာ တောင်ကိုရီးယားတပ်ဖွဲ့များနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ဘူဆန်ရှိ တောင်ပိုင်းဆိပ်ကမ်းမြို့ ရေတပ်စခန်းတစ်ခုမှာ…

ကမ္ဘာ့ရွှေဈေး ဆက်တိုက် ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေး ထင်သလောက် မကျသေး

မော်လမြိုင်၊ စက်တင်ဘာ (၂၄) ကမ္ဘာ့ ရွှေဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် ပြည်တွင်း ရွှေဈေးကွက်မှာ ဝယ်လိုအား နည်းလာတာကြောင့် ရွှေဈေးနှုန်း ဟာ ထင်သလောက်ကျဆင်းမှု မရှိဘဲ (၂၇)သိန်း ဝန်းကျင်မှာ ဈေးနှုန်း တည်ငြိမ် နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါ တယ်။ စက်တင်ဘာ ပထမအပတ်က ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ (၁၇၂၀) ဝန်းကျင်ထိ…

ဆီးရီးယား ဒုက္ခသည်တွေ စီးနင်းလာတဲ့ လှေနစ်မြုပ်ပြီး ၃၄ဦးသေဆုံး

ဆီးရီးယား၊ စက်တင်ဘာ (၂၄) ဆီးရီးယား ဒုက္ခသည်တွေ စီးနင်းလာတဲ့ လှေငယ်တစ်စင်းဟာ ဆီးရီးယားကမ်းလွန်မှာ နစ်မြှုပ်သွားခဲ့ပြီး လိုက်ပါလာသူ အနည်းဆုံး ၃၄ ဦးသေဆုံးခဲ့ပါတယ်။ ဆီးရီးယားတောင်ပိုင်းက မြို့တော်တားတက်စ်ရှိ ဆေးရုံမှာ အသက်ရှင်ကျန်ရစ်သူ ၂၀ ဦးကို ဆေးကုသပေးနေတယ်လို့ ကျန်းမာ ရေးဝန်ကြီးဌာနက ပြောပါတယ်။ အသက်ရှစ်ကျန်ရစ်သူတွေနဲ့ အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေအရ အဲဒီလှေဟာ လက်ဘနွန်ဆိပ်ကမ်းမြို့ ထရီပိုလီအနီးရှိ မင်န်ရာကနေ…

စစ်အာဏာသိမ်း ရက် (၆၀၀) အတွင်း သတ်ဖြတ်ခံရသူ ၂၃၁၆ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၄) AAPP ၏ စက်တင်ဘာလ (၂၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၆၀၀)အတွင်း ပြည်သူ (၂၃၁၆)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၆၀၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၂၁) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ကျိုက်ထိုမြို့နယ်က နှစ်ဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ(၂၄) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာနဲ့ဘိုက္ကားကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းတွေကို အင်္ဂဘိုကျေးရွာနဲ့ဘိုက္ကားကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းဖွဲ့က…

အစ္စရေး မောင်းသူမဲ့လေယာဉ် ထိုင်းတော်ဝင်ရေတပ် ဝယ်ယူ

ဘန်ကောက် – စက်တင်ဘာ(၂၄) ထိုင်းနိုင်ငံက Hermes 900 မောင်းသူမဲ့ လေယာဉ် (UAV) တွေကို ဘတ်(၄) ဘီလျံ အကုန်အကျခံ ပြီး အစ္စရေးကာကွယ်ရေးကုမ္ပဏီတစ်ခုဆီကဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ထိုင်း တော်ဝင်ရေတပ်(RTN) က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲ့ဒီမောင်းသူမဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံရဲ့ ရေပိုင်နက်နဲ့ သင်္ဘောလမ်းကြောင်းတွေကို ကာကွယ် ဖို့အတွက် ထိုင်းပင်လယ်ပြင်မှာ ကင်းလှည့်သွားမှာဖြစ်ပြီး ပင်လယ်ပြင်ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်ချိန်မှာလည်း…