ဘီးလင်း၊ စက်တင်ဘာ (၂၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအနီး သံတံတားထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းဟာ စက် တင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ် ရေး PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဂိတ်စခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးနားဝန်းကျင်တွေကို လက်နက် ကြီး ၊ လက်နက်ငယ် ပစ်ခတ်တာနဲ့ အော်ဟစ်ဆဲတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီ သံတံတားဂိတ်စခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက ရန်ကုန်-မော်လမြိုင်ကားလမ်းကို နာရီပိုင်းအကြာ ပိတ်ဆိုခဲ့ပြီးနောက် လမ်းကို ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဘီးလင်းမြို့နယ်က စစ်ကောင်စီသံတံတားဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏဆိုသလို လက်နက်ကြီးအပြင် ဒရုန်းနဲ့ လာရောက် တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ထားပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.