ရန်ကုန်၊ စက်တင်ဘာ (၂၃)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ် ဇူလိုင်ကနေ စက်တင်ဘာ တတိယအပတ်ထိ သုံးလတာကာလအတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်သူ ၃၀ နီးပါးထိ ရှိလာတယ်လို့ သံလွင်းတိုင်မ်းက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသူတွေဟာ စစ်တပ် အာဏာသိမ်ပြီးနောက် စားဝတ်နေရေး အကြပ်အတည်းလာတာ၊ ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာတာ ၊ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် အဆုံးစီရင်တာတွေ ရှိလာခဲ့တာပါ။

အဆုံးစီရင်သူတွေထဲမှာ အခြေခံလူတန်စားတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ CDM ဝန်ထမ်းတွေအပြင် စစ်ကောင်စီ လက်အောက်ခံ ဒုတိယရဲမှူးကြီး တစ်ဦး၊ခရိုင်ဦးစီး အရာရှိ အပါအဝင် ရဲတပ်သားတချို့လည်း ပါဝင်နေတာပါ။

ကိုယ့်ကိုကိုယ် အဆုံးစီရင်သူတွေဟာ ဖိအားပေးတွေ ပိုမို များလာတဲ့အပေါ် မိမိရဲ့စိတ်ကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်သူတွေနဲ့ စိတ်ကျန်းမာရေး ဂရုစိုက်ဖို့ အားနည်းသူတွေ ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြှင့်တာ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ ၊လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရတာ၊ စားဝတ်နေရေး အဆင်မပြေမှုစတဲ့ ပြဿနာတွေရင် ဆိုင်ရပြီးနောက် မိမိကိုယ့်ကို အဆုံးစီရင်နေကြတာ ဖြစ်ပါတယ်။

အဆုံးစီရင်သူတွေဟာ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓာတ်အလွန်အမင်း ကျဆင်း နေတာ၊မျှော်လင့်ချက်ကင်းမဲ့ နေကြတာ၊အရက်နဲ့မူးယစ်ဆေးဝါးစွဲနေသူတွေဟာ အများဆုံး ဖြစ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက မှတ်ချက် ပြုပါတယ်။

ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံမှာတော့ အလုပ်လက်မဲ့နှုန်းတိုးတက်လာတာ၊ ကုန်ဈေးနှုန်းတက်လာ တာတွေကြောင့် မိမိကိုယ်ကို အဆုံးစီရင်သူတွေပိုများလာတာဖြစ်ပါတယ်။

မိမိကိုယ်ကို အဆုံးစီရင်သူတွေထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) ရက်နေ့ညနေပိုင်းက ပြည်( နဝဒေး) တံတားပေါ်က အသက်(၂၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ အသက်သုံးနှစ်အရွယ် ကလေးငယ်နဲ့အတူ ခုန်ချခဲ့မှုဟာ ပြည်သူတွေကြားထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်စေခဲ့တာပါ။

မိမိကိုယ်ကိုအဆုံးစီရင်သူ (၂၈) ဦးစာရင်းဟာ ပြည်တွင်း/ပြည်ပသတင်းဌာတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ကိုးကား ဖော်ပြထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာတော့ ဒီထပ်ပိုပြီး အရေအတွက်များနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.