ပါရီ – စက်တင်ဘာ(၂၂) 

ပြင်သစ်သမ္မတ အီမန်နျူအယ်မာကွန်ဟာ ရုရှားကို ကိုယ့်တဘို့သာကြည့်တဲ့ မှုကို အခြေခံပြီး ခေတ်သစ်ကျူးကျော်နယ်ချဲ့တာကို စွပ်စွဲပြောဆိုခဲ့ပြီး ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက် လို့ ကြားနေနိုင်ငံတွေအနေနဲ့ တိတ်ဆိတ်နေတာကို ရပ်တန့်ဖို့ ပြောဆိုလိုက်ပါတယ်။ 

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောတဲ့မိန့်ခွန်းမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို ပိုင်းခြားတာနဲ့ ကိုလိုနီစနစ်ကိုပြန်လည်ထူထောင်တာ ဖြစ်တယ်လို့ သူက သတိပေးခဲ့တာပါ။ 

တိတ်ဆိတ်နေကြတဲ့ သူတွေဟာ ခေတ်သစ်ကျူးကျော်နယ်ချဲ့တာရဲ့ အကျိုးဆက်ကို အားပေး အားမြှောက်ပြုနေတာဖြစ်ပြီး ကမ္ဘာ့အခွင့်အလမ်းကို ဖျက်ဆီးစေတဲ့ အဆိုးမြင်ဝါဒရဲ့ အစဉ် အလာရှိနေတယ်လို့ ပြောဆိုခဲ့ပြီး နိုင်ငံတွေအနေနဲ့ ခြံစည်းရိုးပေါ်ခွထိုင်မနေကြဖို့ လည်း ပြောဆို ခဲ့တာဖြစ်ပါတယ်။ 

“ရုရှားပြောနေတဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်နှင့် လွှမ်းမိုးမှုမပါတဲ့ အပြည်ပြည်ဆိုင်ရာ အစီအစဉ်အသစ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ငါကြားတဲ့အခါ ဒါကဇာတ်မျောကြီးပါ၊ ဘယ်အရာအပေါ်ကို အခြေခံထားတာလဲ၊ သင်မနှစ်သက်တဲ့ အိမ်နီးချင်းနိုင်ငံကို ကျူးကျော် ဝင်ရောက်ခြင်းဟာ ထိစပ်နယ်နိမိတ်ကို မလေးစားတာဖြစ်တယ်၊ အဲဒီအစီအစဉ်က ဘာလဲ၊ ဘယ်သူက လွှမ်းမိုးနေတာလဲ” လို့ ပြင်သစ် သမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။ 

ဒါ့အပြင် အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် ခေတ်မမီတော့တဲ့ စံတန်ဖိုး တွေကို ခုခံကာကွယ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ပြောဆိုမှုကို ပယ်ချခဲ့ကာ ကမ္ဘာရဲ့ ကျန်တဲ့ နိုင်ငံ တွေဟာ အဲ့ဒီအကျိုးဆက်ကို ခံစားရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ဒီအစည်းအဝေးပွဲထဲက အဖွဲ့ဝင်အားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ထောက်ပံ့ကူညီပေး ဖိုနဲ့ ရုရှားရဲ့ စစ်ရေးရွေးချယ်မှုကို ရပ်တန့်ဖို့ လည်း ဖိအားပေးပြီး သူတို့ရဲ့ လုပ်ရပ်အတွက် နားလည်သဘောပေါက်လာမှ ဒီရန်စမှုကို အဆုံးသတ်မှာဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 

အနောက်အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားကို ပိုမိုဖိအားပေးဖို့အတွက် ကြားနေနိုင်ငံတွေကို စည်းရုံးဖို့ နယူးယောက် တွေ့ဆုံမှုကို အသုံးချပြီး လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထား ပါတယ်။

“ကပ်ဘေးကာလအတွင်းမှာ ဒီမှာ ဘယ်သူရှိနေလဲ၊  ရာသီဥတုပြောင်းလဲခြင်းကိုကူညီရန် ဘယ် သူက ငွေကြေးထောက်ပံ့မှုကို ကမ်းလှမ်းသလဲ၊ ယနေ့ကမ္ဘာလုံးဆိုင်ရာ အယူအဆစ အသစ်နဲ့ အတူ သင်တို့ထံ ရောက်လာမယ့်သူတွေမဟုတ်ပါ၊ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖို့ အလုပ် ဖြစ်တဲ့ ကာကွယ်ဆေးကို ပေးမယ့်သူတွေမဟုတ်ပါ” လို့ သူကပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.