မော်လမြိုင်၊ စက်တင်ဘာ ( ၂၂)

လက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူထားတဲ့ အသက် ၃၇ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ယူရို ၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းနဲ့ ဆက်လက်ကစားလိုတယ်လို့ အတည်ပြုပြောဆိုလိုက်တာပါ။

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ နိုင်ငံအသင်း သွင်းဂိုးအများဆံးုစံချိန်တင် အထူးဂုဏ်ပြုဆုကို ရယူပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။

စီရော်နယ်လ်ဒိုကတော့ လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းအတွက် စိတ်အားထက်သန်နေကြောင်းနဲ့ ဇာတ်လမ်းတွေ အဆုံးသတ်ဖို့ မရှိသေးသလို ယူရို ၂၀၂၄ ပြိုင်ပွဲအထိ အသင်းမှာ ဆက်ရှိချင်တယ်လို့ ပြောပါတယ်။

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာ ပွဲပေါင်း ၁၈၉ ပွဲထိ ကစားပေးထားပြီး သွင်းဂိုး ၁၁၇ ဂိုး သွင်းယူပေးထားသလို ဘောလုံးသမိုင်းတလျှောက်မှာ နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံးကစားသမား တစ်ဦးအဖြစ် ရပ်တည်နေတာပါ။

စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာ UEFA Nations လိဂ်ပြိုင်ပွဲအဖြစ် ချက်အသင်း အပါအဝင် စပိန်အသင်းတို့ ယှဉ်ပြိုင်သွားဖို့ ရှိနေတာပါ။

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းကို ယူရို-၂၀၁၆ နဲ့ ၂၀၁၉ Nations လိဂ်ဖလား ချန်ပီယံတွေ ဖြစ်အောင် စွမ်းဆောင်ပေးထားတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.