မြဝတီ၊ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ၊မြဝတီ-ဝေါ်လေလမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီးမှာ စက်တင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းကို ကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှု မရ(၁၀၄)ကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်း ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦးရဲ့ စွမ်းဆောင်ချက်ကြောင့်စစ်ကောင်စီဘက်မှ (၂)ဦး သေဆုံးပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြဝတီ-ဝေါ်လေတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးဟာ ကော်ဘရာ စစ်ကြောင်း စနိုက်ပါ စစ်သည်တော်တွေရဲ့ လက်ချက်‌ကြောင့် သေဆုံးထားတာပါ။

စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူ‌တွေအဆိုအရ စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ တပ်ရင်း ၁၈ ရင်းထိ အသုံးပြုထားတာ ဖြစ်ပြီး ၃ လကျော်ကာလအတွင်းမှာတော့ ကျဆုံးတာနဲ့ CDM ပြုလုပ် ထွက်ပြေးတာတွေကြောင့် အင်အားအနေနဲ့ တပ်ရင်း ၁၀ ရင်းလောက်တာ ကျန်တော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.