မနီလာ – စက်တင်ဘာ (၂၂) 

စစ်အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ် လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာ၂၁ရက်နေ့မှာ ကတိပြုခဲ့ကြပါတယ်။

မားကို့စ်ဟာ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကို ပြဋ္ဌာန်းပြီးနောက် ပြိုင်ဘက်တွေ၊ ဝေဖန်သူတွေနဲ့ အတိုက်အခံတွေအားလုံးကို  လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နှိမ်နင်းခဲ့ပြီးတဲ့နောက်မှာ   ထောင်နှင့်ချီတဲ့ လူပေါင်းများစွာ သေဆုံးကာ သောင်းနှင့်ချီတဲ့ လူတွေကို နှိပ်စက်ညှင်းပမ်းပြီး ထောင်ချခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ 

အခုချိန်မှာတော့ မားကို့စ်ရဲ့ သားဖြစ်သူဟာ  ဖိလစ်ပိုင်သမ္မတဖြစ်လာပြီးနောက် လှုံ့ဆော်သူတွေကတော့ အကြမ်းဖက်မှုမှာ ပါခဲ့တဲ့ သူတို့ မိသားစုရဲ့ အခန်းကဏ္ဍကို မှတ်မိနေစေဖို့အတွက် တိုက်တွန်းထားတာပါ။

“မားကို့စ်တွေဟာ အဲဒီမှောင်မိုက်တဲ့နေ့ရက်တွေမှာ အနည်းဆုံး သူတို့ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ လိုပါတယ်” လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျူးလွန်ခံရသူတွေရဲ့ နှစ် (၅၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်  လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ သုတေသီ ကာလို့စ်ကွန်ဒီက ပြောခဲ့ပါတယ်။ 

“စစ်အုပ်ချုပ်ရေးကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖိလစ်ပိုင်နိုင်ငံသားတွေ နားလည်လက်ခံဖို့  အမှန်အတိုင်း ထုတ်ဖော်ပြော ဆိုခြင်း မရှိရင် နီးစပ်မှုကို ဘယ်တော့မှရှာဖွေနိုင်မှာမဟုတ်သလို၊ ရှေ့ကို ဘယ်တော့မှ ရွေ့မှာမဟုတ်ဘူး” လို့ သူက ပြောပါသေးတယ်။ 

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ “ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ဘယ်တော့မှ မမေ့နဲ့” ဆိုတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ထားပြီး မြို့တော် မနီလာမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

“သူ့ရဲ့အတိတ်ပုံရိပ်ကို မမှတ်မိတဲ့နိုင်ငံဟာ သူတို့ပြောသလို ထပ်ခါထပ်ခါဖြစ်ဖို့ ကြုံလာနိုင်ပါတယ်” လို့ ဖိလစ်ပိုင် တက္ကသိုလ် မှာ ဆန္ဒပြနေတဲ့ အသက် ၂၂ နှစ်အရွယ် ရုပ်ရှင်ကျောင်းသား ဂျွန်မက်တီဘေက ပြောပါတယ်။ 

စစ်အုပ်ချုပ်ရေး စတင်ပြီးတဲ့နောက်မှာ လူပေါင်း (၁၁၁၀၃)ဦး ကို ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အစရှာမရအောင် ပျောက်ဆုံး စေမှုတွေနဲ့ အခြားသော ချိုးဖောက်မှုတွေကို ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မားကို့စ် နဲ့ သူ့ရဲ့ဇနီးတို့ ခိုးယူထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ အထဲက ထိခိုက်ခံစားခဲ့ရသူတွေကို လျော်ကြေးပေး ခဲ့တာ ဖြစ်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

မားကို့စ်ဟာ ၁၉၈၆ ခုနှစ်မှာ သွေးမဲ့ “လူထုအင်အား” တော်လှန်ရေးကြောင့် အာဏာမှ ဖြုတ်ချခံခဲ့ရပြီး မိသားစုလည်း ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ 

၁၉၈၉ ခုနှစ်မှာ ဘိုးဘေးတွေ ကွယ်လွန်ပြီးနောက် ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိလာကာ မေလ (၉) ရက်နေ့ သမ္မတရွေး ကောက်ပွဲမှာ အာဏာရှင်ဟောင်း မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာ အနိုင်ရခဲ့ပြီး ထူးထူးခြားခြား နိုင်ငံရေးလောကကို တကျော့ပြန် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.