စေတုတ္တရာ – စက်တင်ဘာ(၂၂)

မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်ကောင်စီဘက်က (၅) ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ Chin Defence Force -Kanpetlet က သတင်းထုတ်ပြန်ထားပါတယ်။

စေတုတ္တရာနယ်စပ်နဲ့ ချင်းပြည်နယ်အစပ် အပေါရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ CDF Kanpetlet က သတင်းထုတ်ပြန်ထားတာပါ။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲက အလောင်းသုံးလောင်းကို အမိန့် ပြန်တမ်း နဲ့ သဂြိုလ်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပွင့်ဖြူနဲ့ စလင်းဘက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ စေတုတ္တရာဘက်ကို တက်ဖို့ ပြင်ဆင်တာတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့လည်း CDF Kanpetlet ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ အပေါ ကျေးရွာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့ တိုက်ပွဲ တွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအပြီးမှာ CDF-Kanpetlet က စစ်ကောင်စီတပ်သားတွေရဲ့ MA ကျည် (၂၀၁) တောင့် ၊ ၄၀ (မမ) သုံးလုံးနဲ့ ကျည်ကာ တစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူတွေကို အသိပေးထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.